Followers

Saturday, March 21, 2009

ကြယ်ကြွေကကြိုး

ကုက္ကိုလ်ကိုင်း ကြိုးကြာ ကူး
ကောင်းကင် ကို ကြိုးကြာ ကြည့်
ကောင်းကင်ကျယ် ကြိုကြိုကြား
ကြယ်ကကြိုး ကျော်ကြား..။
ကောင်းကင်ကြား ကြယ် က က
ကြိုးကြာ ကြည့် ကြယ်ကကြိုး
ကံကုန်ကြယ် ကြွေကာကျ
ကြည့် ကြိုးကြာ ကြေကွဲ..။
ကြွေကျကြယ် ကျောက်ကြိုကြား
ကျိုးကျိုးကျေ ကျကာကွဲ
ကြယ်ကြွေကောက် ကူကြိုးကြာ
ကယ်ကြောင်းကြံ ကွဲကြေ..။
ကြွေကြိုးကြာ ကြယ်ကျိုးကောက်
ကောင်းကင် ကို ကြေကွဲကြည့်
ကောင်းကင်ကြီး ကကြိုးကင်း
ကြယ်ကြွေကကြိုး.. ကြိုးကြာကြေကွဲ..။

1 comment:

  1. ဒီကဗျာလေး မြင်ဖူးပါတယ်လို့..
    ကျနော်ကိုယ်တိုင် ရေးထားတာကိုး..
    ကဗျာရေးသူနာမည်မတွေ့လို့ ဘယ်သူများရေးတာပါလိမ့်လို့..
    ပြန်လည် ဖေါ်ပြပေးတာ ကျေးဇူးပါ..း)

    ကိုရင်နော်

    http://koyinnawkhinlaynge.blogspot.com/2009/03/blog-post_08.html

    ReplyDelete