အထွေထွေသပိတ်ဆင်နွဲမည်အားလုံးအသင့်ပြင်ထားကြ...။
ရဟန်းရှင်လူကျောင်းသားပြည်သူအပေါင်းတို့---!
ယနေ့မြန်မာနိုင်ငံသည် အားလုံးတက်ညီလက်ညီဖြင့်အထွေထွေသပိတ်ဆင်နွှဲရမည့်အချိန်ရောက်နေပါပြီ။
န.အ.ဖ စစ်မိစ္ဆာများ၏ဆိုးရွားမှုသည်တနေ့တခြားပိုမိုဆိုးရွားယုတ်မာလာပါသည်။
ပြည်သူလူထူကြီးတရပ်လုံးရှိခိုးပူဇော်ရာဖြစ်သောသံဃာတော်
များကိုပင် စစ်ဖိနပ်နဲ့ကန်ကျောက်၊ ၀ါးရင်းထုတ်နဲ့ရိုက်သတ်၊ သေနတ်နဲ့ပစ်သတ်ကာ
ယုတ်မာချင်တိုင်းယုတ်မာနေကြပါသည်။ ယခုထိသံဃာတော်အများအပြား န.အ.ဖ
အကျဉ်းထောင်ထဲတွင်အနှိပ်စက်ခံအညှင်းဆဲခံနေကြရဆဲဖြစ်ပါသည်။
ယခုအခါအပြစ်မရှိဘဲ ဖမ်းဆီးထားသော အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစု
ကြည်အား မေလ ၃၀ရက်နေ့တွင်မဖြစ်မနေလွတ်ရမည်ဖြစ်သောကြောင့် မလွှတ်ချင်
သည့်အတွက်အကောက်ကြံကာ မိမိယူထားသောလုံခြုံရေးမိမိမှာတာဝန်ရှိတာကို
တခြားလွဲချကာ အကောက်ဥာဏ်ဆင်၍ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်
ထောင်သို့ပို့ချင်းသည် ငါတို့ကြိုက်တာလုပ်မည်၊ ဘယ်သူ့မှ ဂရုစိုက်စရာမလိုဟု
ပြည်သူတစ်ရပ်လုံးကိုစော်ကားရာ စိန်ခေါ်ရာရောက်နေပါသည်။သို့ပါ၍ အခု
န.အ.ဖ စစ်အစိုးရ၏ရိုင်းပြစော်ကားမှုများသည် အလွန်ဆိုးရွားနေပါသောကြောင့်
လာမည့်မေလ၃၀ရက်နေ့ကိုနောက်ဆုံးထားကာဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပါ။ ယခုတောင်းဆိုထားသောအချက်ကိုမလိုက်နာပါက မေလ၃၁ရက် တနင်္ဂနွေနေ့မှ စတင်ကာ တစ်နိုင်ငံလုံးလှည်းနေလှေအောင်းမြင်းဇောင်းမကျန် အထွေထွေသပိတ်ကြီး ဆင်နွှဲမည်အားလုံးအသင့်ပြင်ထား ကြပါ။
မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့
About Me
Labels
- About Democracy (6)
- About myanmar government (6)
- About Nargic (1)
- cartoon (6)
- Comic about Myanmar Government (1)
- Myanmar Lyrics (3)
- Myanmar Poems (6)
- Myanmar Websites (2)
- Myanmar Youtube (2)
- News (9)
- Photos (5)
Followers
Blog Archive
-
▼
2009
(59)
-
▼
May
(10)
- အထွေထွေသပိတ်ဆင်နွဲမည်အားလုံးအသင့်ပြင်ထားကြ...။ရဟန်...
- ဒေါ်အောင်ဆန်းစုကြည် ထွက်ဆိုချက် အကျဉ်း
- Obama urges Myanmar to release Aung San Suu Kyi
- အမှုရင်ဆိုင်နေရသော ဒေါ်အောင်ဆန်း စုကြည်ကို တောင်အာဖရ...
- No title
- နအဖက ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမှုတင် တရားစွဲဆိ...
- Sunday, May 17, 2009 နအဖရဲ့  လုပ်ကြံဇတ်လမ်းကို...
- Free Free Aung San Su Kyi, May 17, 2009 in front o...
- Food crisis in rural Burma
- A year later, Myanmar remembers Cyclone Nargis
-
▼
May
(10)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment