Followers

Monday, August 3, 2009

Whose Fault...

" ဘယ်သူ့အမှားလဲ "

ဆူးပေါ်ဖတ်ကျမယ်၊ ဖတ်ပေါ်ဆူးကျမယ်ဆိုရင်

ဆူးအမှားလား၊ ဖတ်အမှားလား....

အကူအညီမတောင်းဘဲပေးပြီး

ကျေးဇူးကန်းတာခံရတယ်ဆိုရင်

ပေးသူအမှားလား၊ ကန်းသူအမှားလား....

ကားလာကာနီးမှ လမ်းဖြတ်ကူးလို့

ကားတိုက်ခံရတယ်ဆိုရင်

တိုက်သူအမှားလား၊ လမ်းကူးသူ အမှားလား...

လျှပ်ပေါ်လော်လီတဲ့ အဝတ်အစားကြောင့်

အစော်ကားခံရတယ်ဆိုရင်

စော်ကားတဲ့လူအပြစ်လား ဝတ်တဲ့လူအပြစ်လား..

လူတဖတ်သားကို စေတနာနဲ့ပြောလိုက်လို့

ကိုယ့်ကိုမုန်းသွားမယ်ဆိုရင်

မုန်းတဲ့လူအမှားလား၊ ပြောတဲ့လူအမှားလား...

ရှုပ်တဲ့လူကိုသွားချစ်လို့

အသည်းခွဲခံရတယ်ဆိုရင်

ခွဲတဲ့လူအပြစ်လား၊ ကွဲတဲ့လူအပြစ်လား...

ကိုယ်ပစ္စည်းကို ငှားလိုက်မိလို့

မတော်တဆ ပျက်စီးသွားခဲ့ရင်

ငှားတဲ့သူအမှားလား၊ ငှားရမ်းသူအမှားလား....

သဘောမတူသူကိုယူလို့

မိဘစိတ်ဆင်းရဲရရင်

သားသမီးမလိမ္မာတာလား

မိဘအတ္တကြီးတာလား....

နီုင်ငံသယံဇာတပေါများရဲ့နဲ့

ဆင်းရဲနေရတယ်ဆိုရင်

ကျက်သရေမရှိတဲ့ သူတောင်းစားတွေအုပ်ချုပ်လို့လား

အဝီဇိချိုးကပ်မဲ့ မျိုးမစစ်တွေအုပ်ချုပ်လို့လား......

No comments:

Post a Comment