သန်းရွှေနဲ့  သူရဲ့ သား ဘိုးတော် မောင်မောင် (ခ) သန့်ဇော်ရွှေ ။
>
>
>
>
> နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ မြန်မာပြည်သူလူထုတွေက၊ မြန်မာနိုင်ငံကို
> ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်း ဆောင်တဲ့၊ စစ်ကောင်စီက
> အုပ်ချုပ်နေတာလို့ သိရှိထားကြပါတယ်။ အဲဒီ စစ်ကောင်စီဥက္ကဌဖြစ်တဲ့
> ဗိုလ်ချုပ် မှူးကြီးသန်းရွှေကို နောက်ကွယ်က ကြိုးကိုင်အုပ်ချုပ်နေသူတဦး
> ရှိနေတာ သိရှိသူ မရှိသလောက်ပါ။
>
> သူ့နာမည်က “မောင်မောင် (ခ) သန့်ဇော်ရွှေ” ပါ။ ဦးသန်းရွှေ
> ဒေါ်မကြိုင်တို့ရဲ့ အငယ်ဆုံးသား ဖြစ်ပြီး၊ စိတ်ဝေဒနာ အနည်းငယ်
> ခံစားနေရသူပါ။ ဒါပေမဲ့ သူ့ကို တအိမ်သားလုံးက စိတ်ရောဂါရှင်လို့
> မသတ်မှတ်ကြဘဲ ဘိုးတော်ဝင်စားသူတဦးအဖြစ် သတ်မှတ်ကိုးကွယ်ကြပါတယ်။
>
> ဘိုးတော်မောင်မောင် (ခ) သန့်ဇော်ရွှေဟာ အသက်(၄၀)ခန့်ရှိပြီး
> ဝတ်ဖြူစင်ကြယ်နဲ့ နုတ်ခမ်းမွှေး မုတ်ဆိတ် မွှေးများထားရှိပြီး၊
> ဘိုးတော်လိုလို အောက်လမ်းဆရာလိုလို ရှေ့ဖြစ်နောက်ဖြစ်တွေကို ဟောကြားပြီး
> ဆောင်ရန်ရှောင်ရန်တွေကို ညွှန်ကြားလေ့ရှိပါတယ်။
>
> မိသားစုကိစ္စတွေသာ မကတော့ဘဲ၊ တဖြေးဖြေးနဲ့ တိုင်းပြည်ရဲ့အရေးကြီးတဲ့
> မူဝါဒရေးရာတွေပါမကျန် ဘိုးတော်မောင်မောင်ရဲ့
> အခါပေးညွှန်ကြားချက်တွေအတိုင်း အဖေဖြစ်သူ ဦးသန်းရွှေက လိုက်လံဆောင်
> ရွက်လေ့ရှိပါတယ်။
>
> ဗိုလ်ချုပ်မှူးကြီးသန်းရွှေအိမ်ကို အလုပ်ရှိလို့လာကြရတဲ့
> ဗိုလ်ချုပ်ကြီးတွေအပါအဝင် ဧည့်သည်အားလုံးဟာ ကြမ်းပြင်ပေါ်မှာဘဲ ထိုင်ကြရတာ
> ဓလေ့တခုလို ဖြစ်နေပါပြီ။ ဧည့်ခန်းအတွင်း အမြင့် တနေရာမှာ
> ရှေးဘုရင်များခေတ်က သလွန်လို ပြင်ဆင်ထားတဲ့နေရာမှာ ဦးသန်းရွှေနဲ့
> ဒေါ်မကြိုင်တို့က ထိုင်ပြီး ဧည့် သည်တွေကို လက္ခံတွေ့ဆုံပါတယ်။
> အဲဒီအခြေအနေကို ဘိုးတော်မောင်မောင်က လျှို့ဝှက်ဗီဒီယိုမှတ်တမ်း တွေ
> ရိုက်ကူးပြီး၊ ဧည့်သည်တွေ ပြန်သွားတဲ့အခါ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို
> ပြန်ဖွင့်ကြည့်ကြပြီး၊ ဘိုးတော်မောင်မောင်က ဝေဖန်သုံးသပ်ပြခါ
> အဖေဖြစ်သူဦးသန်းရွှေကို လိုအပ်သလို ညွှန်ကြားမှုတွေ ပေးနေကြပါ။
>
> အလားတူ ယတြာလုပ်ရမဲ့ကိစ္စတွေကိုတော့ မိခင်ဖြစ်သူ ဒေါ်မကြိုင်ကို ညွှန်ကြား
> လုပ်ဆောင်စေပါတယ်။ ဘိုးတော်မောင်မောင်အနေနဲ့ အာရုံမှာ
> သဘောမတွေ့သူတွေမှန်သမျှ၊ နေရာပြောင်းရွှေ့ခံရတာ၊ ရာထူးချခံရတာ၊
> အလုပ်ထုတ်ခံရတာတွေ ရှိသလို၊ သူသဘောတွေ့သူမှန်သမျှကတော့ ကောင်းစား
> လေ့ရှိပါတယ်။
>
> ဒါပေမဲ့ ဗိုလ်ချုပ်တွေအများစုကတော့ ဘိုးတော်မောင်မောင်ကို အလွန်ရွံရှာ
> ကြောက်လန့်ကြပါတယ်။ အကြောင်းက ဘိုးတော်မောင်မောင်ဟာ လူသတ်ရန်
> ဝန်မလေးတဲ့သူတယောက် ဖြစ်လို့ပါ။ လူမသိအောင် ဖုန်းဖိထားတဲ့ ဖြစ်စဉ်တခုကို
> တင်ပြရရင် ကမ္ဘာအေးဘုရားလမ်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အိမ်
> (၎င်းတို့အဆို အိမ်တော်) မှာ တပ်ချုပ်ကြီးဝတ်ရန် နေ့စဉ်
> ယူနီဖောင်းပြင်ဆင်ဝတ်ပေးရတဲ့ တာဝန်ကို ယူရသူ “ဗိုလ်ကြီးခင်မောင်လွင်”ကို
> လွန်ခဲ့တဲ့တနှစ်ခွဲလောက်က ဘိုးတော်မောင်မောင်က သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။
> သူ့အာရုံမှာ သူ့အဖေကို လုပ်ကြံတယ်လို့ ပေါ်လာတာကြောင့်
> ပစ်သတ်လိုက်တာဆိုပြီး တိုးတိုးတိတ်တိတ် သတင်းထွက်ပေါ်ခဲ့ပေမဲ့ တကယ်
> သတ်လိုက်ရတဲ့ အကြောင်းရင်းကို ဒီကနေ့အထိ ဘယ်သူမှ မပြောရဲသေးပါဘူး။
>
> အဲဒီအချိန်တုံးက ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်လှဋ္ဌေးဝင်းနဲ့
> မင်္ဂလာဒုံစစ်ဆေးရုံမှ တပ်မှူးတို့ ချက်ချင်း ရောက်ရှိလာပြီး
> တခြားကိစ္စတခုကြောင့် သေသွားသလို ဖန်တီးပေးခဲ့ရပါတယ်။ အသတ်ခံလိုက်ရတဲ့
> ဗိုလ်ကြီးခင်မောင်လွင်ရဲ့ မိသားစုတွေကိုတော့ ဒီကိစ္စနဲ့ပါတ်သက်ပြီး
> ပါးစပ်ပိတ်ထားကြဘို့၊ ပေါက်ကြားခဲ့ ရင် မင်းတို့မိသားစုဝင်အားလုံး
> ထောင်ထဲ ပို့ထားလိုက်မယ်လို့ အိမ်တော်မိသားစုဝင်များက ခြိမ်းခြောက်
> ထားခဲ့ကြပါတယ်။
>
> အလားတူ ရဟတ်ယာဉ်ပျက်ကြပြီး သေဆုံးသွားတဲ့ အတွင်းရေးမှူး (၂)
> ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးရဲ့သား ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာနက
> ကိုဇော်ထွန်းဦးကို ဘိုးတော်မောင်မောင်နဲ့အဖွဲ့က ကမ္ဘာအေးဘုရား လမ်းနဲ့
> တက္ကသိုလ်ရိပ်သာလမ်းဆုံအနီး ဓါတ်ဆီဆိုင်ရှေ့မှာ ကားနှစ်စီးနဲ့
> ပိတ်ရပ်ပြီး၊ ဘိုးတော်မောင်မောင် ကိုယ်တိုင်မောင်းတဲ့ ကားအကြီးကြီးနဲ့
> တိုက်သတ်ပါတယ်။ သေပြီလို့ ယူဆပြီးထားခဲ့ကြပေမဲ့ ကံကောင်းလို့ မသေဘဲ၊
> ဆေးရုံပေါ်မှာ (၆) လခန့် ဆေးကုသခံခဲ့ရပါတယ်။ အဲဒီ့လို တိုက်သတ်ရတဲ့
> အကြောင်ရင်းက ဘိုးတော်မောင်မောင်ရဲ့ အစ်မဖြစ်သူ မပြုံး (ခ)
> ပြုံးပြုံးရွှေနဲ့ ဇော်ထွန်းဦးတို့ဟာ အိမ်ထောင်အသီးသီး ရှိရက် နဲ့
> ဖောက်ပြန်နေကြတာကြောင့်လို့ ပြောဆိုနေကြပေမဲ့၊ ထုံးစံအတိုင်း
> အကြောင်းရင်းအမှန်ကို ဘယ်သူမှ ခုချိန်ထိ မပြောရဲကြသေးပါဘူး။
> သေချာတာတခုကတော့ အဲဒီဖြစ်စဉ်နောက်ပိုင်း ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး
> ရဲ့ဇနီး ဒေါ်ခင်သန်းနွဲ့တယောက် စစ်ဗိုလ်ချုပ်တွေရဲ့
> ပွဲလမ်းသဘင်အခမ်းအနားတွေကနေ ပျောက်ကွယ် သွားခဲ့တာပါဘဲ။
>
> တပ်ချုပ်ကြီးမိသားစုတွေထဲမှာ ကိုယ်ကျင့်တရားဖောက်ပြန်မှုတွေကြောင့်
> နာမည်ဆိုးနဲ့ ထင်ရှားကျော် ကြားလှတဲ့ မပြုံး (ခ) ပြုံးပြုံးရွှေဟာ
> ယခုလက်ရှိ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်သိန်းနိုင်
> ရဲ့တရားဝင်ဇနီးပါ။ ကိုဇော်ထွန်းဦးအပြင်
> ဟစ်ဟော့အဆိုတော်လူငယ်လေးတဦးကိုလည်း တိတ်တိတ်ပုန်း ချစ်သူအဖြစ်
> မွေးစားထားသေးတယ်လို့ သိရှိနေကြပါတယ်။ အခြား သူအလိုရှိတဲ့အခါ
> လူငယ်လေးတွေကို ငွေကြေးအာဏာတွေနဲ့ ဖိအားပေး ခေါ်ခိုင်းကာ ညကလပ်တွေမှာ
> ရုပ်ဖျက်သွားရောက် ပျော်ပါးလေ့ရှိပါတယ်။ သူဟာ
> နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒုတိယအတွင်းဝန်ရာထူး ရယူထားပြီး၊
> ရုံးတက်ခြင်းမရှိဘဲ လစာကိုတော့ နိုင်ငံခြားငွေ (ဒေါ်လာ) နဲ့ လစဉ်
> ထုတ်ပေးရပါတယ်။
>
> အဲဒီ့လို အကျင့်ပျက်၊ ဦးနှောက်ပျက်၊ ခြစားသူတွေ စုပေါင်းပြီး
> တိုင်းပြည်ဖျက်နေကြတဲ့ စစ်အာဏာရှင်ကြီး ရဲ့ မိသားစုဟာ မြန်မာ့သမိုင်းမှာ
> နာမည်ဆိုးတွေနဲ့ ကျော်ကြားခဲ့ကြတဲ့ တရုပ်ပြေးမင်း၊ သိုဟန်ဘွားမင်း၊
> သီပေါမင်းတို့ထက်တောင် ပိုမိုဆိုးဝါးပါကြောင်း၊ အနီးကပ်လေ့လာနေသူတဦးက
> မှတ်ချက်ချ ပြောဆိုခဲ့ ပါတယ်။
>
> ဂမ္ဘီရအတွေးအခေါ်တွေအပြင် အောက်လမ်းနည်းများ အသုံးပြုပြီး
> ထင်ရာစိုင်းနေကြတဲ့ တပ်ချုပ်ကြီးမိ သားစုတွေရဲ့အန္တရာယ်ကို နေ့စဉ်နဲ့အမျှ
> ကြောက်ရွံနေကြရတဲ့ ဗိုလ်ချုပ်ကြီးများ အပါအဝင် သူတို့နဲ့ နီးစပ် တွေဟာ
> ဗိုလ်ကြီးခင်မောင်လွင်လို အဖြစ်ဆိုးမျိုးနဲ့ ကွေကွင်းရအောင်၊
> ဘိုးတော်အမည်ခံ ဦးနှောက်ကြပ်မ ပြည့်တဲ့ ဦးသန်းရွှေ
> ဒေါ်မကြိုင်တို့ရဲ့သား၊ မောင်မောင် (ခ) သန့်ဇော်ရွှေကို နေ့စဉ်မပျက်
> ရှိခိုးဦးချနေကြ ကြောင်း အိမ်တော်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရပါတယ်။
About Me
Labels
- About Democracy (6)
- About myanmar government (6)
- About Nargic (1)
- cartoon (6)
- Comic about Myanmar Government (1)
- Myanmar Lyrics (3)
- Myanmar Poems (6)
- Myanmar Websites (2)
- Myanmar Youtube (2)
- News (9)
- Photos (5)
Followers
Blog Archive
-
▼
2009
(59)
-
▼
October
(9)
- သန်းရွှေနဲ့  သူရဲ့ သား ဘိုးတော် မောင်မောင် (ခ) သန့်...
- ဒေါ်အောင်ဆန်းစုကြည်၏ သေတမ်းစာ
- New Tissue in Myanmar
- A Naing Ma Kan
- အရှင်ဆန္ဒာဓိက (ခ) ကိုညီညီစံ(တစ်ခြားသူမဟုတ်ပါကျွန်တေ...
- ဗိုလ်သန်းရွှေကို သရော်သူ ကဗျာဆရာစောဝေ လူ့အခွင့်အရေး...
- Suu Kyi Discusses Sanctions with Diplomats
- ရီလိုက်ရတာ မနည်းပါပဲ
- Silenced for Aung San Suu Kyi
-
▼
October
(9)
Sunday, October 18, 2009
ဒေါ်အောင်ဆန်းစုကြည်၏ သေတမ်းစာ
ဒေါ်အောင်ဆန်းစုကြည်၏ သေတမ်းစာ
ဘဝ ဟူသည်
တိုတောင်း လှပေစွ.
ကန်ရေပြင်၌ တက်သော
ရေပွက်မျှသာ ဖြစ်တယ်။
ကွေးသောလက်များ
ဆန့် မသွားမီ
မတည် သော အသက်
ခန္ဓာ ဟူသည်
ဇာတိ ဇရာ မရဏ
သောက ပရိဒေ၀ အနိစ္စ
အမြဲမှန်ကန်သော အရာ
မမြဲခြင်းသာ ဖြစ်တယ်။
ဘုရားရှင်သော်မှ မလွှဲနိုင်တဲ့တရား.
အနိစ္စ သေဆုံးခြင်း၏ တရား။
တနေ့ တချိန်
လေမှာလွင့်သော..ပွင့်ချပ်ငယ်နှယ်
ကျမ သေဆုံးပါလိမ့်မယ်။
ကျမ အသက် လူကြီးအရွယ်
သွားရမဲ့လမ်း ပြင်ဆင်ခဲ့ပါတယ်။
ကျမ ကိုယ် ကျမ
ဖေဖေ့လို အာဇာနည်လို့ မယူဆပါဘူး။
အမှန်တရားနဲ့ တရားဥပဒေသာ
မြတ်နိုးပါတဲ့ သာမန်လူ
မြန်မာအမျိုးကောင်းစားရေးကို
ရှေးရှူသူသာဖြစ်တယ်။
အကယ်၍ ကျမ သေလွန်တဲ့အခါ
မငိုပါနဲ့  မပူဆွေးကြပါနဲ့ 
ကြီးကြီးကျယ်ကျယ် ဈာပနပွဲ မလုပ်ကြပါနဲ့ ။
ကျမ ကိုချစ်သူ မချစ်သူ
မည်သူမဆို လာရှူနိုင်တယ်
ပုပ်ပွ ဖူးယောင် လူသေကောင်၏
မျက်မြင်မုချ အသုဘ ကမ္မဌာန်း..
အိုနာ သေခြင်း၏ မမြဲသောလမ်း။
ကျမ သေဆုံးပြီးနောက်
ချန်ထားခဲ့ပါရစေ။
ကျမ၏ အထွဋ္ဋ်မြတ်သော ဆံပင်
ရွှေတိဂုံဆံတော်ရှင်သို့ လှူဒါန်းပါ။
ကျမ၏ မျက်ကြည်လွှာ..
အလင်းမရသူကို လှူဒါန်းပေးပါ။
ကျမ၏ နှလုံးသား..ကျောက်ကပ်
အသည်း ကလီဇာများ
ကောင်းသေးပါက လိုအပ်သူများအားလှုဒါန်းပေးပါ။
မသာတစ်ခေါက် ကျောင်းဆယ်ခေါက်
နာရေးကူညီသော စေတနာရှင်
စင်ကြယ်သောကုသိုလ်နဲ့ ကိုကျော်သူ
ကျမ အသက်မဲ့ ခန္ဓာ ကို လှူပါတယ်။
ဖုတ်ကျည်းသင်္ဂြိုလ်ပေးပါ။
ပုပ်ပွလာမဲ့ ခန္ဓာအား
မီးသင်္ဂြိုလ်ပြီး..
ရလာသောခန္ဓာ၏ ပြာမြေဇာ
အပင်တို့ အတွက် မြေသြဇာကြွေးပေးပါ။
နောင်လာနောက်သားများအတွက်
ကျမ၏ နေအိမ် (သို့ ) ကျမ၏အကျဉ်းထောင်
အင်းစိန် ထောင်ခွဲ
အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း
အောင်ဆန်းစုကြည်၏ ပြတိုက်အဖြစ်
ကျမ၏ အသုံးအဆောင်..စာအုပ်
တီးသူမဲ့သော စန္ဒယား
ကျမ၏ မြန်မာ အ၀တ်အစား
ရိုးသားသော မြန်မာအမျိုးသမီး၏တန်ဖိုးများ.
နောင်လာနောက်သားများရှူမြင်စေ။
ကျမ၏ ကျန်ရစ်သော ဘဏ်ငွေသားအနည်းငယ်။
ကျမ၏ ဈာပန စရိတ် နှင့်
ဆင်းရဲသော သံဃာအိုများ အတွက်ကျန်းမာရေး
ဇီဝိတဒါန ဆေး အလှု
ကွယ်လွန်သူ မိဘများ အမှုထား၍
ကျမနှင့် ကွယ်လွန်သော ခင်ပွန်းအတွက်
သားများမှရေစက်ချ..အမျှဝေစေချင်ပါတယ်။
ကျမ ရသော ငြိမ်းချမ်းရေး နိုဘယ်ဆုငွေသား
$1.3 million အား
ကိုယ်ကျိုး အတွက် မသုံးစွဲ
တပြားမချန် မြန်မာပြည်သူများအတွက်
ကျမ်းမာရေးနဲ့ ပညာရေး ရံပုံငွေ
လှုဒါန်းခဲ့ပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာကြပါစေ။
ကြား ကြားသမျှ အမျှ အမျှ အမျှ ယူတော်မူ။
အမျိုးအတွက်ထားတဲ့ အမေ့ရဲစေတနာကို
နားလည် ပါရမီဖြည့်ပေးသူ သားများ
အမေဘ၀မှာ မွေးရကျိုးနပ်ပါတယ်။
အမေ့ဘ၀အတွက်အကောင်းဆုံး
ဘုရားပေးသောဆုလာဒ်
ဒီသားများသာ ဖြစ်ပါတယ်။
ဒီ သားများ အတွက်..
အမေ မွေးခဲ့သောဇီဝိတ အသက်
အဖေပေးခဲ့သော ပညာ မှတပါး
အခြားပေးရန် စည်းစိမ် အမွေ မရှိ။
စိတ်ဓါတ်နှင့်ကြံ့ခိုင်သောမျိုးရိုး၏အမွေ
အောင်ဆန်းမျိုးရိုး..ဆက်ကျန်နေပါစေ။
အတူနေ မမဒေါ်ခင်ဝင်းနှင့် သမီးများ
ကျမအား စောင့်ရှောက်သောကျေးဇူး
အထူး မမေ့ပါ။ ကျေးဇူးတင်ပါတယ်။
ဆေးဝါး ကုသပေးသော
မောင်ငယ် ဒေါက်တာတင်မျိုးဝင်း
သမားစိတ်ရင်း ကြောင့် ကျမ အသက်ရှည်..
ကျေးဇူးဆပ်စရာ ပစ္စည်းမဲ့သူ ကျမ
ဦးချပြီး.ဆပ်ပါရစေ။
ပြည်တွင်းပြည်ပ..
ကျမကို ချစ်ခင်ကြသော
ကျမကို အားပေးကြသော..
မိတ်ဆွေ သင်္ဂဟ
သိသူ မသိသူ မှန်သမျှ
ကျမပြုသောကုသိုလ် အဖို့ ဘာဂ ဝေမျှပါတယ်။
ရွှင်လမ်းကြစေ။
ကျမ၏ တဦးတည်းသော ချစ်ရသောအကိုကြီး.
သွေးသားစပ်သူ ဦးအောင်ဆန်းဦး အတွက်..
ကျမ အဖေ၏ ပန်းချီတချပ်..
သူမသေခင်..ခေါင်းရင်းမှာ ချိပ်ဖို့ ပေးအပ်ခဲ့တယ်။
အနှစ် ၂၀ သက်တမ်းရ.သက်တော်ရှည်
အဝေးရောက် ၀န်ကြီးချုပ်
ကျမ၏ တ၀မ်းကွဲမောင် ဒေါက်တာစိန်ဝင်း..
ကျမရဲ့ အနှစ် (၂၀) အချုပ်ကာလအတွင်း
ကျမ ရတဲ့ဆုတွေလက်ခံတဲ့အခါ စင်ပေါ်တက်
မျက်နှာပြ ဖော်ရပေးတာ
အထူးကျေးဇူး တင်ပါတယ်။
ဖေဖေ့မျက်နှာနဲ့ 
ကျမအပေါ်..မရှိတဲ့ အပြစ်ကိုတင်.အကွက်ဆင်
အတင်းထောင်ချ..သပ်သျှို ပြန်ကယ်ပြတဲ့
အတုယူ ချီးမွမ်းထိုက်ပါသော
မှုးကြီးသန်းရွှေရဲ့ မေတ္တာ စေတနာ
မှတ်ကျောက် စာထိုးခဲ့ပါတယ်။
ကလိမ်ခြုံ နအဖ၏ ဂန္ဓ၀င်မိချောင်းမျက်ရည်။
ကျမ မခေါ်ဘဲ အလည်တဲ့ဧည့်သည်.
ကျမ အသက်ဘေးအတွက် သူ စိုးရိမ်တယ်။
မောပမ်း မေ့လဲနေသော ဆီးချိုလူနာသည်သူ
ပုတုဇ္ဇနော ဥမ္မတကော အဆိုရှိ
တကယ်မှန် မှန် မမှန် မှန်..
ဟုတ်သော်ရှိ မဟုတ်သော်ရှိ
ခမြာ..စေတနာနဲ့ သတိပေးရန်ကြံတဲ့အတွက်
သူ၏ ထားရှိသော ဂရုဏာ စေတနာ
ကျေးဇူးတင်ပါထိုက်ပါတယ်။
ကျမ သွားတဲ့အခါ..
တရား သံဝေဂရ..
မျက်ရည် မကျုကြပါနဲ့ ။
မပြီးဆုံးသေးတဲ့ ကျမရဲ့ဝတ္တရား
ကျရာနေရာ ကူညီပါဝင် ဖြည့်ဆည်းပေးကြပါ။
ကျမ အတွက်ထားတဲ့ ချစ်မေတ္တာ
တိုင်းပြည်အမျိုးအတွက်
လက်ဆင့်ကမ်းကြိုးစားပေးပါ။
အဖေ ပေးခဲ့တဲ့ လွတ်လပ်ရေး
ကျမ လက်ထက်မှာ မရသေးခင်
ကျမ သေလွန်ခဲ့ပါလျှင်
ကျမ ကိုယ်စား တာဝန်ဆက်ယူပေးနိုင်စေ.
တနေ့ မှာ..ဒေါင်းမျိုးနွယ်ဆက်
ပြန်ခေါင်းထောင်ထကြပါစေ
ဒို့  မြန်မာအမျိုး..သိက္ခာ မျိုးနွယ်ဆွေ။
အာဏာရှင်စံနစ်..ပြုတ်ကျပါစေ။

အရှင်ဆန္ဒာဓိက (ခ) ကိုညီညီစံ(တစ်ခြားသူမဟုတ်ပါကျွန်တော်တို့လေးစားရသောဆရာတော်တစ်ပါးဖြစ်ပါတယ်)
အရှင်ဆန္ဒာဓိက (ခ)
ကိုညီညီစံ(တစ်ခြားသူမဟုတ်ပါကျွန်တော်တို့လေးစားရသောဆရာတော်တစ်ပါးဖြစ်ပါတယ်)
To:
အရှင်ဆန္ဒာဓိက (ခ) ကိုညီညီစံကို စစ်ကြောရေးစခန်းတွင် ရိုက်နှက်ထားသည့်
ဒဏ်ကြောင့် အူကျသည့် ဝေဒနာကို ခံစားနေရသည်။
စစ်ကြောရေးစခန်းမှ ရဲအုပ် ကျော်စိန်နှင့် ဒုရဲအုပ် ပြည်ခိုင်ဇော်တို့က
ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း (၂၇) ရက်နေ့ တိုင်းတရားရုံတွင်
ရုံးထုတ်သည့်နေ့က မိသားစုဝင်များကို အရှင်ဆန္ဒာဓိက က ပြောသည်။
“ဝါးစိမ်းတုတ်နဲ့ ရိုက်တာ အရိုးတွေ ကျိုးသွားတဲ့အထိ ရိုက်တာလို့ပြောတယ်၊
အဲဒီဒဏ်တွေကြောင့် အူကျတာတွေ ဖြစ်နေတယ်၊ လောလောဆယ် ထောင်ဆေးရုံမှာ
ပြနေရတယ်” ဟု မိသားစုဝင်တဦးက ပြောသည်။
အာဏာပိုင်များက စစ်ကြောရေးစခန်းတွင် ရိုက်နှက်ကာ ဓါတ်ဆီလောင်း
မီးရှို့ဆန္ဒပြရန် ကြံစည်ကြောင်း အတင်းကြပ် ထွက်ဆိုခိုင်းကြောင်း ၎င်းက
ဆက်ပြောသည်။
အရှင်ဆန္ဒာဓိကကို အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည် အမိန့်ချမှတ်ခံရသည့်
ယခုလ (၁၁) ရက်နေ့က အင်းစိန်ထောင်ရှေ့ သွားရောက်ကြားနာပြီး အပြန်တွင်
ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အရှင်ဆန္ဒာဓိက အဖမ်းခံရခြင်းနှင့်ပတ်သက်၍ “ဒေါ်အောင်ဆန်းစုကြည်ကို
အင်းစိန်ရုံးထုတ်မှာ ဘယ်လိုအမိန့်ချမလဲဆိုတာ သွားနားထောင်ခဲ့တယ်၊
နောက်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးဘက်ကို လာပြီး သူ့ဒကာ၊
ဒကာမတွေကို နှုတ်ဆက်ပြီးတော့ ပြန်တဲ့အချိန်မှာ ကားအဖြူလေးနဲ့ လူသုံးယောက်က
ဦးဇင်းကို အအေးကပ်ချင်လို့ဆိုတော့ ဦးဇင်းကလည်း ငါဘုန်းပေးတာ
ပြည့်စုံပြီတဲ့၊ မလိုတော့ပါဘူးဆိုပြီး ပြောတာကို ဦးဇင်းကို
ပြောစရာရှိလို့ပါတဲ့၊ မေးစရာလေးရှိလို့ပါဆိုပြီး ခေါ်သွားတာ” ဟု
မိသားစုဝင်က ပြောသည်။
ယခုလက်ရှိ အရှင်ဆန္ဒာဓိကကို အင်းစိန်ထောင် အဆောင် (၃) အခန်း (၁) တွင်
လူဝတ်လဲထားကာ သာသနာတော် ညှိုးနွမ်းစေသည့် ပုဒ်မဖြင့် ဒုရဲအုပ်
ဇော်ဖုန်းဝင်းက တရားလိုပြုလုပ်ကာ တရားစွဲထားပြီး နောက်လ (၃) ရက်နေ့တွင်
ရုံးချိန်း ထပ်မံချိန်းဆိုထားသည်။
http://www.yoma3.org/မှကူးယူဖေါ်ပြသည်

ဗိုလ်သန်းရွှေကို သရော်သူ ကဗျာဆရာစောဝေ လူ့အခွင့်အရေးဆု ရရှိ
Moemaka Mizzima Burma Digest: ဗိုလ်သန်းရွှေကို သရော်သူ ကဗျာဆရာစောဝေ လူ့အခွင့်အရေးဆု ရရှိ
ဗိုလ်သန်းရွှေကို သရော်သူ ကဗျာဆရာစောဝေ လူ့အခွင့်အရေးဆု ရရှိ
မိုးမခအထောက်တော် ၀၀၂
အောက်တိုဘာ ၁၆၊ ၂၀၀၉
အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ကြီး၏ စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် ရပ်တည်စိမ်ခေါ်သူ စာရေးဆရာများအတွက် ချီးမြှင့်သော Hellman/Hammett ဆုကို မြန်မာပြည်က ကဗျာဆရာ စောဝေ ရရှိသည်ဟု သတင်းများက ဆိုသည်။ ၂၀၀၉ ခုနှစ်အတွက် ရဲရင့်သူ စာရေးဆရာ ၃၇ ဦးကို ရွေးချယ်ရာတွင် မြန်မာပြည်က ကဗျာဆရာလည်း တဦးအပါအ၀င် ဖြစ်သည်။
ကဗျာဆရာ စောဝေသည် ၂၀၀၈ နှစ်ဆန်းက ကဗျာတပုဒ်တွင် စစ်အာဏာရှင် ဗိုလ်သန်းရွှေကို သရော်ခဲ့သဖြင့် ဖမ်းဆီးထောင်ချခံထားရသည်။ ယခု မြန်မာပြည်အထက်ပိုင်း အကျဉ်းထောင်တခုတွင် ထောင်ဒဏ် ၂ နှစ် ချခံထားရသည်ဟု ဆိုသည်။ ကဗျာဆရာစောဝေသည် ၂၀၀၇ သံဃာ့အရေးတော်ပုံမတိုင်ခင်ကတည်းက မိတ်ဆွေများဖြစ်သော ယခုနိုင်ငံရေးအကျဉ်းသား - ကိုဇာဂနာ၊ ပြည်ပသို့ ရောက်ရှိနေသူ - ကဗျာဆရာ အောင်ဝေးတို့နှင့်အတူ လူမှုရေး၊ စေတနာဝန်ထမ်းလုပ်ငန်းများ၊ အဖြူရောင်သက်တံ အေအိုင်ဒီအက်စ်၊ အိပ်ခ်ျအိုဗီ အရေးလှုံဆော်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ဆောင်ရွက်သူတဦးဖြစ်ခဲ့ပြီး၊ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းတွင် အနုပညာရှင်များအားလုံးနှင့်အတူ ရဟန်းသံဃာများဖက်က တက်ကြွစွာ ပါဝင်ခဲ့သည်။
မြန်မာပြည်က အဖိနှိပ်ခံ စာပေအနုပညာရှင်များအနက် ၎င်းဆုကို ရရှိခဲ့သူများမှာ - မောင်မောင်ကျော်ဝင်း၊ ဇာဂနာ၊ ခိုင်မာကျော်ဇော၊ စမ်းစမ်းနွဲ့၊ ကျောင်းသားခေါင်းဆောင် အောင်ထွန်း၊ အောင်ပွင့် စသည်တို့ ဖြစ်သည်ဟု သိရှိရပါသည်။
----------------------------------------------------------------------------------------------------------------------------------------<“FEBRUARY 14″
Ar rin bek ka pyaw dair
(Aaron Beck, the psychiatrist, said)
Nar nar khan sah dat hma khan sah hma
(Only if you know how to suffer painfully)
Yoo yoo moo moo go phyit nay hma
(Only if you are crazy – crazy )
Kyi myat tet a noot pyinnya lo
(Can you appreciate a great work of Art)
Hmoo hmoan hmaing way zay det dat poan model ma lay yay
(Dear little photomodel who makes me dizzy)
Kyi daunk kyi mah kya hma a thair kwair det yawgah det
(They say it is a broken liver disease, a great and terrible one)
[translator's note: broken heart in Burmese is usually expressed as a broken liver]
Than baung myah zwa thaw chit tat thu myah
(Millions of those who know how to love)
Shwe a teet cha hta thaw let myah phyint let khoak tee yway yair bar
(Laugh and clap those gold-guilded hands)
(signed) Saw Wai, January 10, 2008
Discussion:
The poet wrote this piece in January and was shortly thereafter arrested by the secret police after they realized the significance of the beginning word of each sentence.
For the reader’s convenience these beginning words have been highlighted and they read as below:
“Ar Nar Yoo Kyi Hmoo Kyi Than Shwe”
“Ar Nar Yoo Kyi” means “a great power-crazy madman” or a big megalomaniac
“Hmoo Kyi” is a shortened form of Bo Joke Hmoo Gyi (or Kyi), i.e., Senior General
Altogether, it just means, Great Megalomaniac Senior General Than Shwe
In the West, one can write uncomplimentary remarks about their national leaders and none of them take it seriously. Many people accuse George Bush of being power-crazy, but President Bush does not pay attention for obvious reasons. No Western leader in his right mind would bother with frivolous matters.
To arrest and imprison someone for a Valentine Day’s poem just because of such a minor epithet is crazy and speaks ill for a dictator who chooses to exercise his power in such a manner.
Saw Wai wanted to prove a point that Than Shwe is power-mad. To do so, he had to press his hot buttons. What drives a power-crazy man more crazy? Why, any little challenge, the littlest challenge to the power of a power-crazy man will drive him crazy.
He who desires Ar Nar must have Ar Nar, all of it, and woe betide anyone trying to take away even just a little bit of that Ar Nar Power.
Thus, Saw Wai knew that by tweaking Than Shwe where it mattered the most, he knew that the madman would react, OVERreact, and prove his point.
By bravely writing his poem and even braver still, daring to get arrested instead of escaping, he proved beyond doubt that Than Shwe is truly an Ar Nar Yoo.
Let us honor Saw Wai for his courage and ingenuity.
Leaders of the World who speak well of Than Shwe, you have all been warned about who you are dealing with.
------------------------------------------------------------------------------------------------------------------------------------
စစ်ခေါင်းဆောင်ကို သရော်သူ ကဗျာဆရာ နိုင်ငံတကာ ဆုရ Print E-mail
မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 14 ရက် 2009 ခုနှစ် 18 နာရီ 32 မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရ ခေါင်းဆောင်ကို အာဏာရူးဟူ၍ ကဗျာဖြင့် သရော်ခဲ့သူ အကျဉ်းထောင်တွင်းရှိ ကဗျာဆရာ ကိုစောဝေကို နယူးယောက် အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ -HRW က ဆုချီးမြှင့်လိုက်သည်။
HRW က ဖိနှိပ် ချုပ်ချယ်ခံ ဒေသများတွင် ရဲဝံ့စွာ ထုတ်ဖော်ရေးသားသူများကို Hellman/Hammet ဆုချီးမြင့်လေ့ရှိပြီး ၂၀၀၉ ခုနှစ်အတွက် နိုင်ငံတကာမှ စာရေးဆရာ ၃၇ ဦးအား ရွေးချယ်ခဲ့ရာ မြန်မာနိုင်ငံက ကိုစောဝေလည်း ပါဝင်သည်။
“HRW အနေနဲ့ အကို ကိုစောဝေအပေါ် အသိအမှတ်ပြုတဲ့အတွက် ဂုဏ်ယူ ဝမ်းသာပါတယ်။” ဟု မိသားစုဝင်တဦးက တယ်လီဖုန်းမှ တဆင့် ပြောသည်။ ကိုစောဝေ၏ ဇနီးမှာ ထောင်ဝင်စာ သွားတွေ့နေရ၍ ဆက်သွယ်၍ မရနိုင်ဘဲ ဖြစ်သည်။
မြန်မာသတင်းသမဂ္ဂ- BMA က ဆုချီးမြှင့်ခဲ့သည့်အပေါ် ဝမ်းသာအားရ ကြိုဆိုကြောင်း ပြောကြားလိုက်သည်။
“ဆုရတယ် ကြားတော့ ဝမ်းသာပါတယ်။ ကြိုဆိုပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံသား တယောက်အနေနဲ့ရော စာနယ်ဇင်းသမား တယောက်အနေ နဲ့ပါ ဂုဏ်ယူပါတယ်။ ကိုစောဝေက အခြေခံ လူ့အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုရေးသား ထုတ်ဖေါ်ပိုင်ခွင့်ကို ရဲရဲဝင့်ဝင့် ကျင့်သုံးတဲ့ အတွက် အကျဉ်းချ ခံထားရသူ တယောက်ဖြစ်ပါတယ်”ဟု ဘီအမ်အေ အတွင်းရေးမှူး ဦးစံမိုးဝေ က ပြောသည်။
ပြည်တွင်း အပတ်စဉ်ထုတ် အချစ်ဂျာနယ်တခုတွင် ‘ဖေဖော်ဝါရီဆယ့်လေး’ ခေါင်းစဉ်ဖြင့် နအဖ အကြီးအကဲကို အာ-ဏာ-ရူး-ကြီး-မှူး-ကြီး-သန်း-ရွှေ ဟု လျှို့ဝှက်ပဟေဋ္ဌိဖြင့် သရော်ကဗျာ ရေးဖွဲ့ခဲ့ရာ ဝေဖန်မှုကို သည်းခံလေ့ မရှိသော အာဏာပိုင်များကို ဒေါကန်သွားစေပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသည်။
ယခုအခါတွင် မန္တလေးတိုင်း ရမည်းသင်း အကျဉ်းထောင်တွင် ကဗျာဆရာမှာ ချုပ်နှောင်ခံနေဆဲ ဖြစ်သည်။
HRW သည် လွန်ခဲ့သည့် အနှစ် ၂၀ မှစတင်ကာ နိုင်ငံပေါင်း ၉၁ နိုင်ငံက စာရေးဆရာ စုစုပေါင်း ၇၀၀ တို့ကို Hellman / Hammett အနေဖြင့် ကူညီ ထောက်ပံ့မှုများ ပေးနေသည့်အပြင် စာရေးဆရာများအား အရေးပေါ် အခြေအနေအရ တိုင်းပြည်အတွင်းမှ ထွက်ခွာရန် လိုအပ်ပါက ခရီးစရိတ် ထောက်ပံ့ကြေးများ ပေးခြင်း၊ ထောင်တွင်း ညှင်းပန်း နှိပ်စက် မှုများကြောင့် ဆေးဝါးကုသမှု လိုအပ်နေသူများကိုလည်း ထောက်ပံ့ ကူညီနေကြောင်း အဖွဲ့၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထား သည်။
ယခုနှစ်တွင် Hellman /Hammett မှ ကူညီထောက်ပံ့ငွေ ရရှိသူများအနက် ၆ ဦးသည် တရုတ်၊ အီရန် နှင့် ဗီယက်နမ် နိုင်ငံတို့မှ ဖြစ်သည်။ ၃၇ ဦးတွင် ၁၈ ဦးမှာ ၎င်းနှင့် ၎င်း၏ မိသားစုအတွက် ဆက်လက် အန္တရာယ်ကျရောက် နိုင်သည့်အတွက် အမည်မဖော်ဘဲ အဖွဲ့အနေဖြင့် လျှို့ဝှက် ပေးထားသည်။
၎င်းတို့ထဲမှ အများစုမှာ မြန်မာ၊ တရုတ်၊ အီဂျစ်၊ အီရန်၊ အီရတ်၊ ရုရှ၊ ရဝမ်ဒါ။ သီရိလင်္ကာ၊ ဆီးရီးယား၊ တူနီးရှား၊ ဗီယက်နမ် နှင့် ဇင်ဘာဘွေ နိုင်ငံများ ဖြစ်သည်။
အမေရိကန် ပြဇတ်ရေး ဆရာမ Lillian Hellman ကို ဂုဏ်ပြုသည့် အနေဖြင့် Hellman/ Hammett ဆုကို ၁၉၈၉မှ စတင် ချီးမြှင့်ခဲ့ပြီး နောက်ပိုင်း မြန်မာ့ ကျောင်းသားလှုပ်ရှားမှု သမိုင်းကို ထောင်ကျခံ ရေးသားခဲ့သူ ကိုအောင်ထွန်းကို ၁၉၉၉ ခုနှစ် တွင် အလားတူ ဆုချီးမြှင့်ခဲ့ဘူးသည်။

Saturday, October 17, 2009
Suu Kyi Discusses Sanctions with Diplomats

--------------------------------------------------------------------------------
By SAW YAN NAING Friday, October 9, 2009

Burmese opposition leader Aung San Suu Kyi asked the three Western
diplomats she met in Rangoon on Friday what the aims were of the
economic sanctions their countries imposed on Burma, according to an
NLD spokesman.
The three diplomats were Australia’s charge d’ affaires, Simon Starr,
together with the Britain ambassador, Andrew Heyn, and the US deputy
head of mission. They held talks with Suu Kyi at a state guesthouse
near Suu Kyi’s home for one hour.
The meeting was the first opportunity for a substantive discussion
between Australian officials and Suu Kyi since February 2003, said the
Australian embassy in a statement.
A spokesman for Suu Kyi’s party, the National League for Democracy
(NLD), Nyan Win, said he was briefed by the diplomats in his office on
Friday evening about the meeting.
He said the diplomats said that they had been asked by Suu Kyi to
clarify what the aims of their economic sanctions were.
Suu Kyi also asked the diplomat when and how many sanction did their
governments imposed on Burma and what the consequences of sanction
are, he added.
“She [Suu Kyi] said that she wanted the data belonging to the
sanctions,” Nyan Win
recalled....http://www.irrawaddy.org/highlight.php?art_id=16969
Regards,
~Tim

ရီလိုက်ရတာ မနည်းပါပဲ
ရီလိုက်ရတာ မနည်းပါပဲ
(၁)
တခါက သန်းရွှေသည် မိမိ၏ နာမည်နှင့် ဂုဏ်ကို မြှင့်တင်ချင်သည့်အတွက်
ကိုယ့်ပုံကို တံဆိပ်ခေါင်းအဖြင့် ထုတ်ဝေခဲ့သည်။
ထုတ်ဝေပြီး တလအကြာတွင် ရောင်းအားကောင်းမကောင်း ရန်ကုန်စာတိုက်ကြီးသို့
ကိုယ်တိုင်သွားရောက် စုံစမ်းခဲ့သည်။
သန်းရွှေ..... ငါ့ပုံနဲ့ တံဆိပ်ခေါင်း ရောင်းအား ကောင်းလားဟေ့
စာတိုက်မှုး......ကောင်းပါတယ်......ဒါပေမယ့် တံဆိပ်ခေါင်းကော်
သိပ်မကပ်ဘူးလို့ ပြောကြတယ်။
သန်းရွှေ......မဖြစ်နိုင်တာ
ကိုယ်တိုင် တံဆိပ်ခေါင်း တခုကို ယူပြီး နောက်ကျောကို တံထွေး ထွေးကာ
စာအိတ်ပေါ်တွင် ကပ်ကြည့်လိုက်သည်။
သန်းရွှေ.......ကပ်တာမှ မြဲနေတာပဲ
စာတိုက်မှုး.......သူတို့က တံထွေးကို တံဆိပ်ခေါင်းရှေ့ ထွေးကြလို့ပါ။
(၂)
တခါက သန်းရွှေသည် ညအချိန်တွင် တယောက်တည်း အပြင်ထွက်မိရာ လမ်းတွင်
လုယုက်သူနှင့် တိုးသည်။
လုယက်သူ.......ပါသမျှ ပိုက်ဆံ အကုန်ထုတ်
သန်းရွှေ.....ငါဘယ်သူလဲ သိလား...ငါဟာ ဒီတိုင်းပြည်ရဲ့ အကြီးအကဲကွ
လုယက်သူ.......ဒါဆို ယူထားသမျှတွေ အကုန်ပြန်ပေး
ဟင့် နော်...
(၃)
တခါက သန်းရွှေသည် နောက်လိုက်များနှင့် အစည်းအဝေးအတွက် နေပြည်တော်မှ
ခရီးထွက်ကြသည်။ လမ်းတွင် မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပြီး အားလုံး
ဆေးရုံသို့ ရောက်သွားကြသည်။ သန်းရွှေ၏ သတင်းကို မေးမြန်းစုံစမ်းရန်အတွက်
သတင်းထောက်များ လာရောက်ပြီး ဆရာဝန်အား မေးမြန်းခဲ့ကြသည်။
သတင်းထောက်....ဆရာ...ဆရာ..ဗိုလ်သန်းရွှေ အခြေအနေ ဘယ်လိုလဲ
ဆရာဝန်..........အင်း...အခြေအနေ မကောင်းဘူး
သတင်းထောက်......သူ့ရဲ့ နောက်လိုက်တွေကော
ဆရာဝန်........သူတို့လဲ အခြေအနေ မကောင်းဘူး
သတင်းထောက်......ဒါဆို ဘယ်သူအခြေအနေ ကောင်းလဲ ဆရာ
ဆရာဝန်........ငါတို့တိုင်းပြည် အခြေအနေ ကောင်းပြီ
(၄)
တခါက သန်းရွှေသည် စိတ္တဇဆေးရုံ (ကြံဖွတ်ရုံး)သို့ သွားရောက် ကြည့်ရှုခဲ့သည်။
ကြံဖွတ်ရုံးရှိ လူနာများက အကြီးအကဲကို တွေ့သည်နှင့်.. "ဗိုလ်ချုပ်မှုးကြီး
ကျန်းမာပါစေ...နေကောင်းပါစေ....သက်တော်ရှည်ပါစေ..." ဟု ကောင်းချီးပေးကာ
ကြိုဆိုကြသည်။ သို့သော် ထိုလူနာတဦးမှာ ဘာမှမပြောဘဲ သန်းရွှေအား
မျက်နှာလွှဲပြီး နေသည်။ အကြီးအကဲက မြင်သော်
"ဒီလူနာက ငါ့ကို မြင်တာတောင် မကြိုဆိုပါလား" ဟု ဆေးရုံအုပ်အား မေးလိုက်သည်။
ဆေးရုံအုပ် ပြန်ဖြေလိုက်သည်မှာ "လူနာရဲ့စိတ် ဒီနေ့ အခြေအနေကောင်းနေတယ်" ဟူတည်း။

Silenced for Aung San Suu Kyi
Silenced for Aung San Suu Kyi
Here at Causecast, we’ve worked to build awareness about the plight of imprisoned Democratic leader Aung San Suu Kyi and the people of Burma with the Freedom to Lead Campaign. The campaign has been gaining major media exposure for Shepard Fairy’s iconic image of the imprisoned Nobel Peace Prize recipient and Causecast recently hosted a Flash Mob for Burma. The Causecast online community of activists have also been stepping forward to share their passion for liberating Aung San Suu Kyi and the Burmese people. One Causecast user shared a short video he created documenting the recent protests for Burma outside the United Nations in New York City. Some of you loyal Causecasters may have already read about the demonstration in our interview with Buddhist monk and Burma activist, Maung Maung Tate. The monks and other Burma activists held a silent protest in front of the U.N. Security Council in September to support those who have been silenced by the Burmese military regime.
This video was created by Causecast user and filmmaker Jeffrey Hellman. He stands for justice, peace, and equality. He has been a passionate activist for Burmese freedom; involved with the International Campaign for Freedom of Aung San Suu Kyi and Burma, U.S. Campaign for Burma, and World Dharma’s Burma Project U.S.A./Canada, just to name a few. In efforts to raise awareness about Burma’s struggle for human rights and democracy, he expresses himself artistically through poetry, performance, and filmmaking.

Subscribe to:
Posts (Atom)