Followers

Showing posts with label News. Show all posts
Showing posts with label News. Show all posts

Sunday, October 18, 2009

အရှင်ဆန္ဒာဓိက (ခ) ကိုညီညီစံ(တစ်ခြားသူမဟုတ်ပါကျွန်တော်တို့လေးစားရသောဆရာတော်တစ်ပါးဖြစ်ပါတယ်)

အရှင်ဆန္ဒာဓိက (ခ)
ကိုညီညီစံ(တစ်ခြားသူမဟုတ်ပါကျွန်တော်တို့လေးစားရသောဆရာတော်တစ်ပါးဖြစ်ပါတယ်)
To:

အရှင်ဆန္ဒာဓိက (ခ) ကိုညီညီစံကို စစ်ကြောရေးစခန်းတွင် ရိုက်နှက်ထားသည့်
ဒဏ်ကြောင့် အူကျသည့် ဝေဒနာကို ခံစားနေရသည်။
စစ်ကြောရေးစခန်းမှ ရဲအုပ် ကျော်စိန်နှင့် ဒုရဲအုပ် ပြည်ခိုင်ဇော်တို့က
ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း (၂၇) ရက်နေ့ တိုင်းတရားရုံတွင်
ရုံးထုတ်သည့်နေ့က မိသားစုဝင်များကို အရှင်ဆန္ဒာဓိက က ပြောသည်။
“ဝါးစိမ်းတုတ်နဲ့ ရိုက်တာ အရိုးတွေ ကျိုးသွားတဲ့အထိ ရိုက်တာလို့ပြောတယ်၊
အဲဒီဒဏ်တွေကြောင့် အူကျတာတွေ ဖြစ်နေတယ်၊ လောလောဆယ် ထောင်ဆေးရုံမှာ
ပြနေရတယ်” ဟု မိသားစုဝင်တဦးက ပြောသည်။
အာဏာပိုင်များက စစ်ကြောရေးစခန်းတွင် ရိုက်နှက်ကာ ဓါတ်ဆီလောင်း
မီးရှို့ဆန္ဒပြရန် ကြံစည်ကြောင်း အတင်းကြပ် ထွက်ဆိုခိုင်းကြောင်း ၎င်းက
ဆက်ပြောသည်။
အရှင်ဆန္ဒာဓိကကို အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည် အမိန့်ချမှတ်ခံရသည့်
ယခုလ (၁၁) ရက်နေ့က အင်းစိန်ထောင်ရှေ့ သွားရောက်ကြားနာပြီး အပြန်တွင်
ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အရှင်ဆန္ဒာဓိက အဖမ်းခံရခြင်းနှင့်ပတ်သက်၍ “ဒေါ်အောင်ဆန်းစုကြည်ကို
အင်းစိန်ရုံးထုတ်မှာ ဘယ်လိုအမိန့်ချမလဲဆိုတာ သွားနားထောင်ခဲ့တယ်၊
နောက်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးဘက်ကို လာပြီး သူ့ဒကာ၊
ဒကာမတွေကို နှုတ်ဆက်ပြီးတော့ ပြန်တဲ့အချိန်မှာ ကားအဖြူလေးနဲ့ လူသုံးယောက်က
ဦးဇင်းကို အအေးကပ်ချင်လို့ဆိုတော့ ဦးဇင်းကလည်း ငါဘုန်းပေးတာ
ပြည့်စုံပြီတဲ့၊ မလိုတော့ပါဘူးဆိုပြီး ပြောတာကို ဦးဇင်းကို
ပြောစရာရှိလို့ပါတဲ့၊ မေးစရာလေးရှိလို့ပါဆိုပြီး ခေါ်သွားတာ” ဟု
မိသားစုဝင်က ပြောသည်။
ယခုလက်ရှိ အရှင်ဆန္ဒာဓိကကို အင်းစိန်ထောင် အဆောင် (၃) အခန်း (၁) တွင်
လူဝတ်လဲထားကာ သာသနာတော် ညှိုးနွမ်းစေသည့် ပုဒ်မဖြင့် ဒုရဲအုပ်
ဇော်ဖုန်းဝင်းက တရားလိုပြုလုပ်ကာ တရားစွဲထားပြီး နောက်လ (၃) ရက်နေ့တွင်
ရုံးချိန်း ထပ်မံချိန်းဆိုထားသည်။
http://www.yoma3.org/မှကူးယူဖေါ်ပြသည်

Wednesday, May 27, 2009

အထွေထွေသပိတ်ဆင်နွဲမည်အားလုံးအသင့်ပြင်ထားကြ...။

ရဟန်းရှင်လူကျောင်းသားပြည်သူအပေါင်းတို့---!
ယနေ့မြန်မာနိုင်ငံသည် အားလုံးတက်ညီလက်ညီဖြင့်အထွေထွေသပိတ်ဆင်နွှဲရမည့်အချိန်ရောက်နေပါပြီ။

န.အ.ဖ စစ်မိစ္ဆာများ၏ဆိုးရွားမှုသည်တနေ့တခြားပိုမိုဆိုးရွားယုတ်မာလာပါသည်။
ပြည်သူလူထူကြီးတရပ်လုံးရှိခိုးပူဇော်ရာဖြစ်သောသံဃာတော်
များကိုပင် စစ်ဖိနပ်နဲ့ကန်ကျောက်၊ ၀ါးရင်းထုတ်နဲ့ရိုက်သတ်၊ သေနတ်နဲ့ပစ်သတ်ကာ
ယုတ်မာချင်တိုင်းယုတ်မာနေကြပါသည်။ ယခုထိသံဃာတော်အများအပြား န.အ.ဖ
အကျဉ်းထောင်ထဲတွင်အနှိပ်စက်ခံအညှင်းဆဲခံနေကြရဆဲဖြစ်ပါသည်။
ယခုအခါအပြစ်မရှိဘဲ ဖမ်းဆီးထားသော အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစု
ကြည်အား မေလ ၃၀ရက်နေ့တွင်မဖြစ်မနေလွတ်ရမည်ဖြစ်သောကြောင့် မလွှတ်ချင်
သည့်အတွက်အကောက်ကြံကာ မိမိယူထားသောလုံခြုံရေးမိမိမှာတာဝန်ရှိတာကို
တခြားလွဲချကာ အကောက်ဥာဏ်ဆင်၍ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်
ထောင်သို့ပို့ချင်းသည် ငါတို့ကြိုက်တာလုပ်မည်၊ ဘယ်သူ့မှ ဂရုစိုက်စရာမလိုဟု
ပြည်သူတစ်ရပ်လုံးကိုစော်ကားရာ စိန်ခေါ်ရာရောက်နေပါသည်။သို့ပါ၍ အခု
န.အ.ဖ စစ်အစိုးရ၏ရိုင်းပြစော်ကားမှုများသည် အလွန်ဆိုးရွားနေပါသောကြောင့်
လာမည့်မေလ၃၀ရက်နေ့ကိုနောက်ဆုံးထားကာဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပါ။ ယခုတောင်းဆိုထားသောအချက်ကိုမလိုက်နာပါက မေလ၃၁ရက် တနင်္ဂနွေနေ့မှ စတင်ကာ တစ်နိုင်ငံလုံးလှည်းနေလှေအောင်းမြင်းဇောင်းမကျန် အထွေထွေသပိတ်ကြီး ဆင်နွှဲမည်အားလုံးအသင့်ပြင်ထား ကြပါ။

မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့

ဒေါ်အောင်ဆန်းစုကြည် ထွက်ဆိုချက် အကျဉ်း

ယနေ့ မွန်းလွဲတွင် ပြုလုပ်သော တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင်ထွက်ဆိုခဲ့ပုံကို အကျဉ်းချုပ် ပြန်လည် တင်ပြလိုက်ရပါသည်။

သူနှင့်အတူ ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမတို့ အတူနေထိုင်ကြောင်းနှင့် သူ့အပေါ်ကို ကန့်သတ်မိန့် ထုတ်ပြန်ထားကြောင်း အစချီကာ အမေရိကန် နိုင်ငံသား ဂျွန်ယက်တော ရောက်ရှိလာခြင်းကို မည်သို့မည်ပုံ သိရှိရကြောင်းနှင့် ခေတ္တခိုလှုံခွင့် ပေးခဲ့ကြောင်း၊ လက်ခံ စကားပြောခဲ့ကြောင်း ထွက်ဆိုသွားသည်။

မစ္စတာယက်တော ကျန်ခဲ့သည်ဆိုသော ပစ္စည်းများနှင့် ပတ်သက်၍ တမင်ချန်ရစ်ခဲ့သည်လား၊ ကျန်ရစ်ခဲ့ခြင်းလား မသိကြောင်း၊ မေလ ၅ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်နှင့် ၁၂ နာရီအကြား မစ္စတာယက်တော ပြန်ထွက်သွားသည် ထင်ကြောင်းလည်း ဆက်လက် ပြောကြားသွားသည်။

ရေကန်ဘက် ထွက်သွားသည်ကို တွေ့မြင်ကြောင်းနှင့် မှောင်နေသည့်အတွက် မည်သည့်ဘက်ကို ထွက်သွားသည်ကို မသိဟု ထွက်ဆိုခဲ့သည်။

ထို့နောက် မစ္စတာယက်တော ရောက်လာချိန်ကော ပြန်သွားချိန်မှာပါ နေအိမ်ခြံဝင်းအတွင်း လုံခြုံရေးများ ရှိမနေကြောင်းနှင့် မစ္စတာ ယက်တော အနေဖြင့် ဓာတ်ပုံ ရိုက်ကူးသွားခြင်းကို မသိရှိကြောင်း၊ ရုံးတော်ရောက်မှသာ သိရှိကြောင်း ထွက်ဆိုသွားခဲ့သည်။

Obama urges Myanmar to release Aung San Suu Kyi

President Obama called Tuesday for the immediate and unconditional release of Myanmar opposition leader Aung San Suu Kyi, who is on trial for subversion.

Obama said the Nobel Peace Prize winner’s detention is “arbitrary” and “unjustified” in accordance with the findings of a United Nations group looking into the matter.

“I strongly condemn her house arrest and detention, which have also been condemned around the world,” Obama said in a statement.

“Aung San Suu Kyi’s continued detention, isolation and show trial, based on spurious charges, cast serious doubt on the Burmese regime’s willingness to be a responsible member of the international community,” he said. “This is an important opportunity for the government in Burma to demonstrate that it respects its own laws and its own people.”

Myanmar’s military junta, which has ruled the country since 1962, changed the English translation of the country’s name from Burma in 1989, but several governments, including the United States, still use the older name.

Suu Kyi’s U.S.-based lawyer, Jared Genser, said he was pleased the president weighed in so strongly.

Genser said sustained U.S. engagement is vital to keep the international community engaged on the “threat to international peace and security posed by the ongoing actions of the Burmese junta.”

At a prison compound in Yangon, the Myanmar capital, Suu Kyi, 63, took the stand for the first time Tuesday and told a Myanmar court that she did not violate her house arrest when she offered temporary shelter to an American man who swam to her lakeside home.

“She was very confident, very firm, very clear,” said Mark Canning, the British ambassador to Myanmar, who was among diplomats and journalists allowed to watch the proceedings.

“In a strange way, she commanded the courtroom,” he said.

Suu Kyi, who is being tried on subversion charges, said she did not learn immediately that John William Yettaw swam nearly two miles and snuck into her crumbling, colonial-era bungalow on May 3.

She was told about the visitor the next day by one of two housekeepers who are her sole companions in the heavily guarded residence, where she was under house arrest.

Suu Kyi’s two helpers are also on trial, as is Yettaw. Yettaw left her home late May 5, she said.

“He walked to the lakeside. But I don’t know which way he went, because it was very dark,” Suu Kyi said.

The Nobel laureate also acknowledged that Yettaw, a 53-year-old former military serviceman from Falcon, Missouri, visited her once before last November.

“Did you report to the authority about his arrival?” the judge asked.

“No,” she replied.

Suu Kyi had earlier told supporters that she did not tell authorities about the latest intrusion because she didn’t want Yettaw or anyone else to get in trouble.

But it is her silence for which the Myanmar’s military junta is trying her. The government said Yettaw’s presence violated conditions of Suu Kyi’s house arrest. If convicted, she could be sentenced to three to five years in prison. Suu Kyi has been held under house arrest since 1989.

The country’s regime rarely allows Suu Kyi any visitors, and foreigners are not allowed overnight stays in local households without government permission.

Suu Kyi has been under house arrest for 13 of the past 19 years — a confinement the military junta has regularly extended.

Her latest round of home detention, after five years of confinement, expires Wednesday, according to her supporters at home and abroad. The Nobel laureate has been the face of Myanmar’s pro-democracy movement and the focus of a global campaign to free her.

Though the government said it considered releasing her at the end of the term, it said it had no choice but to try her after she met with Yettaw.

Obama called Suu Kyi a patriot who has sacrificed much for democracy. Her release, he said, would give the Myanmar government an opportunity to restore its global standing.
Suu Kyi’s National League for Democracy party won an overwhelming victory in 1990 in the first free elections in the country in nearly 30 years. But the military junta refused to step down and annulled the election results.

Monday, May 25, 2009

အမှုရင်ဆိုင်နေရသော ဒေါ်အောင်ဆန်း စုကြည်ကို တောင်အာဖရိက နိုင်ငံနှင့် တောင်ကိုးရီးယား နိုင်ငံမှ ထိပ်တန်း ခေါင်းဆောင်များက ချက်ချင်းလွှတ်ရန် တောင်းဆိုရင်း တချိန်တည်းတွင် တောင်အာဖရိက နိုင်ငံမှ Gandhi Development Trust အဖွဲ့က နိုင်ငံတကာ မဟတ္တမ ဂန္ဒီ (MAGI) ဆုကို ချီးမြှင့်လိုက်သည်။

ထို ဆုပေးပွဲကို ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေုးနေ့ဖြစ်သည့် လာမည့် ဇူလိုင်လ ၂၀ ရက်နေ့တွင် တောင်အာဖရိကနိုင်ငံ Durban မြို့ရှိ မြို့နယ် ခန်းမတွင် ကျင်းပမည် ဖြစ်ကြောင်းသိရသည်။

Gandhi Development Trust အဖွဲ့ကို ၂၀၀၂ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က တည်ထောင်ခဲ့သည်။ ထို အဖွဲ့၏ ရည်ရွယ်ချက်မှာ ဒီမိုကရေစီ၏ အနှစ်သာရကို နားလည်သဘောပေါက်စေရန်၊ အကြမ်းမဖက် ငြိမ်းချမ်းရေး တိုးမြင့်ရန်၊ လူသားတန်ဖိုးကို မြှင့်တင်ရန်၊ လူငယ်များ အကြမ်းမဖက်ဘဲ ခွင့်လွှတ်တတ်စေ ရေးနှင့် ပြန်လည် ရင်ကြားစေ့ရေးအတွက် လုပ်ဆောင်နိုင်ရန် ရည်ရွယ်ကြောင်း ၎င်းတို့၏ အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

ယခုဆုကို ၂၀၀၅ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံမှ အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး ခေါင်းဆောင် နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် မစ္စတာ နဲလ်ဆင်မင်ဒဲလားလည်း ရရှိခဲ့သည်။

အသက် ၆၃ နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်တွင် နိုဗဲလ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပြီး နိုင်ငံတကာမှ ပေးအပ်သည့် ဆုပေါင်း ၈၀ ကျော်ကို ရရှိထားသူဖြစ်သည်။

လာမည့် မေလ ၂၇ ရက်နေ့တွင် သူ့အား စစ်အစိုးရက နေအိမ်အကျယ်ချုပ် ချထားရာမှ သက်တမ်း ၆ နှစ် ပြည့်ပြီဖြစ်ကာ လွတ်မြောက်ရမည့် နေ့ဖြစ်သော်လည်း မေလဆန်းပိုင်းတွင် အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော သူ့နေအိမ်သို့ ရေကူး ဝင်ရောက်ခဲ့မှုဖြင့် တရားရင်ဆိုင် နေရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ်မေလ ဒီပဲယင်းအကြမ်းဖက် တိုက်ခိုက်မှု အပြီးမှ စတင်ပြီး နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံရသည်မှာ ၅ နှစ်ကျော်ခဲ့ပြီဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စပြီး နေအိမ် အကျယ်ချုပ် ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ရှိပြီဖြစ်သည်။

ယနေ့ ၂၂ ရက်နေ့တွင်ပင် တောင်အာဖရိကနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးကလည်း နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် သတင်းထုတ်ပြန်ကြေညာခဲ့သည်။

တောင်အာဖရိက နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Maite Nkoana-Mashabane က “ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ခါနီး နှစ်ပတ်အလိုကျမှ ခုလို စွဲချက်အသစ်နဲ့ တရားရင်ဆိုင်နေရတာကို သိရတဲ့ အတွက် တောင်အာဖရိက အစိုးရအနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်” ဟု ထိုကြေညာချက်တွင် ဖော်ပြ ပါရှိသည်။

တောင်အာဖရိက အစိုးရအနေဖြင့် ယခင်နေ့ သတင်းများအရ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ချို့တဲ့မှုများကိုလည်း ကြားသိထားသဖြင့် သူ၏ ကျန်းမာရေးကိုလည်း စိုးရိမ်ပူပန်ကြောင်းပြောဆို ထားသည်။

တောင်ကိုးရီးယားနိုင်ငံ သမ္မတဟောင်းဖြစ်သူ Kim Dae-Jung ကလည်း တောင်ကိုးရီးယား အခြေစိုက် ပြည်ပရောက် မြန်မာ ပါလီမန် ခေါင်းဆောင်များနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (ကိုးရီယားဌာနခွဲ) ခေါင်းဆောင် တို့နှင့် သမ္မတဟောင်း၏ နေအိမ် ရှိရာ ဆိုလ်းမြို့တွင် ယနေ့ တွေ့ဆုံခဲ့ သေးသည်။

ထို့သို့ တွေ့ဆုံရာတွင် သမ္မတ Kim Dae-Jung က လက်ရှိ ဒေါ်အောင်ဆန်းစုကြည် သတင်းနှင့် ပတ်သက်၍ စိတ်မကောင်း ဖြစ်ရကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် ကိစ္စနှင့်ပတ်သက်ပြီး အလှူငွေအဖြစ် အမေရိကန် ဒေါ်လာ ၁ သောင်း ပေးအပ် ခဲ့ကြောင်းသိရသည်။

maung.hmnth: တကယ့်တကယ်တွန်းလှန်ဖို့ အရေးကလဲ မဝေးတော့ ပြီမို့ အရေးကြီးလျှင်ဖြင့်သွေးစည်းပြီး သွေးနီးရာဆိုသည့်အတိုင်း ကိုင်း...ထထကြွကြွနှင့်ဝိုင်းကြပေရော့...{သခင်ကိုယ်တော်မှိုင်း}
Sent at 1:53 PM on Saturday
maung.hmnth: ပြီးခဲတဲ့သောကြာနေ့ကကြပ်ပြေးမှာနအဖထိပ်သီးခေါင်းဆောင်တွေကြောက်လန့်ပြီးအစည်းအဝေးလုပ်ကြတယ်။ ဒီအစည်းအဝေးကိုသန်းရွှေသဘာပတိလုပ်ပြီးခေါ်တာ၊မောင်အေး၊ရွှေမန်း၊သိန်းစိန်၊ အောင်သောင်း၊မောင်သောင်းနဲ့ တပ်မမူးတွေကို တက်ရောက်ကြတယ်။ အစည်းဝေးမှာ အဓိကဆွေးနွေတဲ့အကြောင်းအရာနစ်ခုရှိတယ်။ တခုကဒေါ်စုကိုအရေးယူမှု၊ဒီကိစ္စမှာသန်းရွှေ နဲ့ မောင်အေး
အမြင်မတူကြဘူးလို့ သိရတယ်။ မောင်အေးက ဒေါ်စုကိုထောင်ထဲပို့တာကို လက်မခံကြောင်းသိရတယ်။
နောက်ဆွေးနွေးတဲ့ခေါင်းစဉ်တခုကတော့သန်းရွှေကသူတို့အစိုးရအဖွဲ့ ကိုမေမြို့ အထိရွှေ့ခြင်တယ်။ကြပ်ပြေးမှာ လုံခြုံမှုမရှိဘူးလို့ ခံစားနေရတယ်လို့ သိရတယ်။သူ့ကိုအဓိကလုပ်ကြံမှာကသူ့ရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေထဲက ဖြစ်ကြောင်းသူ့ကိုအနီးကပ်ဗေဒင်ဟောပေးတဲ့ဆရာကဟောထားတယ်။ခေါင်းပြတ်သေမယ်လို့ဆိုပါတယ်။
မေမြို့ မှာသူ့အတွက်အိမ်ကို တေဇကဆောက်ပေးထားတယ်လို့ သိရတယ်။ ကျောက်တောင်အနီးက အိမ်ဖြစ်ပြီး အိမ်ရဲ့ ထုက ၅ပေအထိတောင်ရှိတယ်လို့ သိရတယ်။ အိမ်က မေမြို့ ကန် တော်ကြီးနားမှာဖြစ်ပြီး မျှော်စင်ကကြည့်ရင်အဲဒီအိမ်ကိုမြင်ရတယ်လို့ ဆိုတယ်။

အိမ်က ကျောက်တိုင်နားမရောက်ခင် မိုင်တိုင် ၃၉ နားမှာရှိကြောင်းသိရပါတယ်။ အဲ့ဒီအိမ်ကို မေမြို -မန္တလေးကားလမ်းဖက်ကလည်းဝင်လို့ ရသလို ကန်တော်ကြီးဖက်ကလည်းဝင်လို့ ရတဲ့အတွက်အလွန်လုပ်ကြံရန်ကောင်းကြောင်းနဲ့  သန်းရွှေ အဲ့ ဒီအိမ်မှာလာနေရင် အာပီဂျီနဲ့ လှမ်းလို့ထုလို့ရနိင်တယ်လို့ အမည်မဖေါ်လို တဲ့ တပ်မတော်အရာရှိက We Fight We Win ကို အကြံပေးလာပါတယ်။
Sent at 2:02 PM on Saturday
maung.hmnth: ဒေါ်အောင်ဆန်းစုကြည်မှ ဗိုလ်ချုပ်မှူးကြီးသို့ အိတ်ဖွင့်ပေးစာ
Friday, 22 May 2009 19:33 ဆြာတေ
Print
သို့ ... စေတနာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရှင့် …

ကျေးဇူးတင်လွန်းလို့ ဒီစာကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးက တကယ့် စေတနာရှင်ကြီးပါပဲ။ ဗိုလ်ချုပ်မှူးကြီးကြောင့်သာ ကျမကို တကမ္ဘာလုံးက လူတွေ သတိတရနဲ့ အာရုံစိုက်လာကြတာပါ။

တကယ်ဆို ကျမကို အားလုံးက မေ့နေကြပြီလေ။ အော်နေကြတဲ့သူတွေလည်း မောကြပြီ။ ဝတ္တရားမပျက် အော်ကြရင်း အသံတွေလည်း ဝင်ကုန်ပြီ။

ဒီကြားထဲ ကျမတို့ထက် အရေးကြီးတဲ့ နိုင်ငံတွေရဲ့ ကိစ္စတွေက ဟိုကပေါ်လာ ဒီက ပေါ်လာနဲ့ ဆိုတော့ နိုင်ငံ တကာကလည်း “ဒေါ်အောင်ဆန်းစုကြည်ဆိုတာ သူ့အိမ်ထဲမှာ သူ အေးရာအေးကြောင်း နေနေရတဲ့ နိုဗဲလ် ဆုရှင်ပဲလေ။ တချက်တချက် ထအော်ပေးလိုက် တော်ရောပေါ့၊ တခြား ပိုအရေးကြီးတဲ့ နိုင်ငံတွေ ရှိသေးတယ်” ဆိုပြီး ကျမနဲ့ပတ်သက်တဲ့ ကိစ္စကို ပျင်းကုန်ကြပြီ မဟုတ်လား။

နိုင်ငံတကာမပြောနဲ့ ကျမတို့ နိုင်ငံထဲက လူတွေတောင် ကျမကို မေ့တေ့တေ့ ဖြစ်နေပါပြီလေ။ ကျမလည်း အိမ်ထဲ မှာ အကြာကြီးနေနေရတာ ပျင်းလှပြီ။ တနေ့တနေ့ ဒေါ်ခင်ခင်ဝင်းနဲ့ မဝင်းမမ .. ဒီမျက်နှာ နှစ်ခုပဲ မြင်နေရ၊ ဒီပစ္စည်းတွေနဲ့ပဲ ထိတွေ့နေရတာလည်း ညည်းငွေ့လှပြီ။

အဲဒီလိုကျမ ပျင်းနေ၊ ညည်းငွေ့နေတာကို ဗိုလ်ချုပ်မှူးကြီးက သိပုံပေါ်တယ်။ တကယ့်ကို အမျှော်အမြင်ကြီးတဲ့ ဗိုလ်ချုပ်မှူးကြီးပါပဲ။ ကျမကို လူတွေမေ့နေတာကို ကြည့်ပြီး စိတ်မကောင်း ဖြစ်သွားတယ်ထင်တယ်၊ ရုတ်တရက် ကြီး တကယ့်ကို ရယ်စရာကောင်းတဲ့ လူတယောက်ကို ကျမဆီ လွှတ်လိုက်တဲ့ကိစ္စ .. တော်ရုံစဉ်းစားဥာဏ်နဲ့ ဘယ်သူက တွေးမိမှာလဲ။ ဗိုလ်ချုပ်မှူးကြီးလို ဦးနှောက်ကောင်းတဲ့ သူမို့လို့ပေါ့။

ကျမတို့ ၃ ယောက်လုံး အိမ်ထဲမှာ ညည်းငွေ့နေကြတုန်း လူစိမ်းတယောက်ကို လွှတ်လိုက်တော့ အရုပ်သစ်ရတဲ့ ကလေးတွေလိုပဲ ကျမတို့ ပျော်ကြတာပေါ့။ သူ့ခမျာလည်း ရေသေကြီးထဲ မနည်းကူးလာရတာ ဆိုတော့ ကျမတို့ အားလုံး ရှိတာလေးတွေ ထုတ်ကျွေးကြရင်း စကားပြောဖော် အသစ်တယောက် ရောက်လာသလို ဖြစ်သွားတာ ပေါ့လေ။

ဗိုလ်ချုပ်မှူးကြီးက ဒီလောက်နဲ့တင် မကျေနပ်ဘူး။ မစ္စတာယက်ထော အိမ်ထဲဝင်တဲ့ကိစ္စကြောင့် “ကျမကို အကျယ်ချုပ်ရက် ထပ်တိုးတယ်” လို့ အာဏာသုံးပြီး ပြောလိုက်လည်း ရရဲ့သားနဲ့ စေတနာဗရပွနဲ့ အလုပ်ရှုပ် ခံရှာတယ်။

“သြော် ကောင်မလေးခမျာ ပျင်းနေရှာတယ်၊ လူတွေနဲ့လည်း မတွေ့ရတာ ၆ နှစ်နီးပါး ရှိနေရှာပြီ။ လူတွေနဲ့ တွေ့ရအောင် လုပ်ပေးဦးမှ” ဆိုပြီး ဗိုလ်ချုပ်မှူးကြီး စဉ်းစားတယ် မဟုတ်လား။ အဲဒီလို စေတနာ ထားတာ။

လူနှစ်ယောက်ထဲနဲ့ နေခဲ့ရတဲ့ ကျမ .. ခုလို လူပေါင်းများစွာနဲ့ တွေ့လိုက်ရတာ ဘယ်လောက် ပျော်လိုက်မလဲ စဉ်းစားသာကြည့်။ စကားတွေလည်း ပြောရသေးတယ်၊ ပြီးတော့ ကျမရဲ့ ရှေ့နေကြီးတွေဆိုလည်း တွေ့ရ ပါတော့မလား ထင်တာ ခုပြန်တွေ့ခွင့်၊ စကားပြောခွင့်ရတယ်။ ဘာပဲဖြစ်ဖြစ် ခုလို ကျမကို မပျင်းရအောင် ဒီလို အခြေအနေတွေ ဖန်တီးပေးတာ ဗိုလ်ချုပ်မှူးကြီးကို ကျေးဇူးတင်ထိုက်တာပေါ့ မဟုတ်ဘူးလား။

နောက်တခုရှိသေးတယ် .. ဘယ်သူတွေက “တံခါးဖွင့် တရားစီရင်ရေးလုပ်ပါ” ဆိုပြီး ဘယ်လောက်ပဲ တောင်းဆိုတောင်းဆို .. လုပ်ချင်ရာလုပ်နေကျ ဗိုလ်ချုပ်မှူးကြီးရဲ့ ဉာဉ်အတိုင်း “မဖွင့်ဘူးကွာ ဒီတိုင်းစစ်” လို့ လုပ်လို့ရရဲ့သားနဲ့ စေတနာတွေ ဝေဖြာပြီး သံတမန်တွေ၊ သတင်းထောက်တွေကို (ဟန်ပြပဲဖြစ်ဖြစ်) ဝင်ခွင့် ပေးခိုင်းတာလည်း ကျေးဇူးတင်ရမှာပဲလေ။

အဲဒီတော့ ပွဲက ပိုဆူသွားတာပေါ့၊ အဲဒီမှာ နိုင်ငံတကာက ပိုအာရုံစိုက်လာတဲ့ အပြင် ကျမရဲ့ သတင်းတွေ၊ ဓာတ်ပုံတွေ၊ ရုပ်သံမှတ်တမ်းတွေ ဆိုတာ နိုင်ငံတကာက မီဒီယာတွေ၊ ရုပ်သံတွေမှာ တင်းကြမ်းပြည့် ပါလာပြီး လူတွေကလည်း အန်တီစု၊ အမေစု၊ မမစု၊ ညီမလေးစု .. ဘာစု၊ ညာစုနဲ့ အုတ်အုတ်ကျက်ကျက် လုပ်ကုန်ကြရော မဟုတ်လား။

ကျမ ပြောနေကျ အမျိုးသားပြန်လည် သင့်မြတ်ရေးကိစ္စကို ထပ်ပြောခွင့်ရအောင်လည်း ဗိုလ်ချုပ်မှူးကြီးက ဖန်တီး ပေးပြန်တယ်။ သံတမန် ၃ ယောက်နဲ့ အင်းစိန်ထောင်ထဲမှာ စကားပြောခွင့်ရဖို့ဆိုတာ ဘယ်လွယ်လိမ့်မလဲနော်။ ကျမလို နေအိမ်အကျယ်ချုပ်ကျခံထားရပြီး ဘယ်သူနဲ့မှ တွေ့ခွင့်မရတဲ့ သူတယောက်အဖို့ ပိုတောင် မလွယ်သေး တယ်။

ကျမကို ၂ ပတ်လောက်အတွင်းမှာ တကမ္ဘာလုံးကလူတွေ အာရုံစိုက်လာအောင် လုပ်ပေးတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ အစွမ်းကတော့ အံ့မခန်းပါပဲ။ ခုဆို ကျမအမှုတရားစီရင်ရေးက ၂၀၀၉ အတွက် အထူးခြားဆုံး တရားစီရင်မှု ဖြစ် သွားလောက်ပြီ။

ကြည့်ရတာ ဗိုလ်ချုပ်မှူးကြီးက တရုတ်နဲ့ ကိုရီးယား ဇာတ်လမ်းတွဲတွေ ကြိုက်တတ်တယ် ထင်တယ်နော်။ စိတ်ကူးယဉ် ဇာတ်လမ်းတွေ ရေးတာလည်းတော်တော် တော်တယ်။ ဗိုလ်ချုပ်မှူးကြီးသာ ရုပ်ရှင်ဝင်ရိုက်ရင် ဒါရိုက်တာ မောင်မျိုးမင်းတို့၊ စင်ရော် မောင်မောင်တို့တောင် အလုပ်လက်မဲ့ ဖြစ်သွားနိုင်တယ်။

ဗိုလ်ချုပ်မှူးကြီးကြိုက်တတ်တဲ့ ရုပ်ရှင် စကားနဲ့ပြောရရင်တော့ ဒီဇာတ်လမ်းမှာ ဗိုလ်ချုပ်မှူးကြီးက ကျမကို မင်းသမီး တင်ပေးလိုက်တာပဲ။ နာမည်မြုပ်စ ပြုနေတဲ့ မင်းသမီးကို တကားတည်းနဲ့ နာမည်ပြန်ကြီးအောင် လုပ်ပေးလိုက်တာနဲ့ အတူတူပဲ။ စိတ်မကောင်းစရာ အချက်က ဗိုလ်ချုပ်မှူးကြီးကတော့ လူကြမ်း ဖြစ်သွားတာ ပေါ့လေ။ ကျမကတော့ လူကြမ်းက နာနာရိုက်တာကိုခံရတဲ့ မင်းသမီးပေါ့။

ဇာတ်ထဲမှာ လူကြမ်းက မင်းသမီးကို နာနာနှက်လေ ပရိသတ်က မင်းသမီးကို ဂရုဏာသက်လေ၊ လူကြမ်းကို မုန်းလေ ဆိုတာကတော့ သဘာဝပါပဲ။ ဒါပေမယ့်လည်း စိတ်မညစ်ပါနဲ့ လူကြမ်းတွေလည်း အကယ်ဒမီတော့ ရနိုင်ပါသေးတယ်။ အံ့ကျော်ကြီးတို့ အောင်ခိုင်တို့တောင် အကယ်ဒမီ ရသေးတာပဲ။

ချီးကျူးစရာကောင်းတာ တချက်ရှိသေးတယ် .. ဗိုလ်ချုပ်မှူးကြီးတင် ဇာတ်ညွှန်းရေးတော်တယ် ထင်တာ ဗိုလ်ချုပ်မှူးကြီးရဲ့ နောက်လိုက်နောက်ပါတွေကလည်း စိတ်ကူးယဉ် ဝတ္ထုရေးတဲ့နေရာမှာ တော်တော် တော်ပါလား။ ဟောင်ကောင်က ကောင်စစ်ဝန် ဦးရဲမြင့်အောင်က ကျမနဲ့ မစ္စတာ ယက်ထောက သမီး ရည်းစားတွေ လို့ ပြောတယ်တဲ့။ ကြည့်ရတာ အလွန်ဆွတ်ပျံ့ကြေကွဲဖွယ်ရာ အချစ်ဇာတ်လမ်း တပုဒ် ဖန်တီးချင်ပုံရတယ်။ ဒီလိုလူတွေရှိနေရဲ့သားနဲ့ မြန်မာ့ရုပ်ရှင် ကမ္ဘာကို ဘာလို့မလွှမ်းသလဲ စဉ်းစားမရဘူး။ သူ့ခမျာလည်း သူ့ ပါပါ ဗိုလ်ချုပ်မှူးကြီး သူ့ကို မေ့နေမှာစိုးလို့ ထအော်ပေးတာ ထင်ပါရဲ့။ သတိရကြောင်းလေး စာလှမ်းရေးလိုက်ပါဦး။

ဗိုလ်ချုပ်မှူးကြီးအတွက် နောက်ထပ် စိတ်မကောင်းဖြစ်မိတာတခု ရှိသေတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ NLD သာ ဝင်အရွေးခံရင် ၁၉၉၀ ရွေးကောက်ပွဲလို မဲအပြတ်အသတ်နဲ့ နိုင်ဦးတော့မှာ။ အဲဒီလိုဖြစ်အောင်လည်း ဗိုလ်ချုပ်မှူး ကြီးက လုပ်ပေးလိုက်တာပါ။ နှစ် ၂၀ လုံးလုံး မနည်းကို ကျားကန်ထားရတဲ့ NLD ပါတီက ဗိုလ်ချုပ်မှူးကြီး လုပ်ပေး လိုက်တာနဲ့ မေ့နေတဲ့သူတွေ သတိပြန်ရ၊ လုံးဝမသိသေးတဲ့သူတွေလည်း သိလာကြနဲ့ လူတွေ တော်တော် အာရုံစိုက်လာတာ ခံနေရပြီ။ ဒါ ဗိုလ်ချုပ်မှူးကြီးရဲ့ ကျေးဇူးကြောင့်ပဲ။

ဗိုလ်ချုပ်မှူးကြီးက ဒါရိုက်တာလုပ်တာ၊ ဇာတ်ညွှန်းရေးတာတင် တော်တာမဟုတ်ဘူး ပရိုမိုးရှင်းလုပ်တဲ့ နေရာ မှာလည်း တော်တော် တော်တာပဲ။ ကျမကတော့ ဗိုလ်ချုပ်မှူးကြီးကို လစာကောင်းကောင်းပေးပြီး ကျမပါတီကို လူပိုသိအောင်၊ နာမည်တက်အောင် လုပ်ပေးတဲ့ ကိုယ်စားလှယ် (PR) ခန့်ချင်လာပြီ။

စဉ်းစားကြည့်တော့ ဗိုလ်ချုပ်မှူးကြီးက ကိုယ့်ကိုယ်ကိုယ် အနစ်နာခံ၊ လူကြမ်းအဖြစ်ခံပြီး ကျမနဲ့ ကျမရဲ့ပါတီကို ကမ္ဘာက ပိုသိအောင် နာမည်တက်အောင် လုပ်ပေးလိုက်တာပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် NLD ပဲ နိုင်ဦးမှာ ဆိုတော့ ခုကတည်းက ဗိုလ်ချုပ်မှူးကြီးတို့လို လူတော်တွေ မွေးထားဖို့ လိုတယ်လေ။ ဆက်သွယ်ဖို့ မမေ့နဲ့နော်..။ လစာ ကောင်းကောင်း ပေးမှာပါ။ ။

ကျေးဇူးတင်စွာဖြင့် …
အောင်ဆန်းစုကြည်
ခေတ္တ အင်းစိန်ထောင်

မှတ်ချက်။ ။ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို စာရေးသည့် သဘော စိတ်ကူး ပုံဖော်ကာ သရော်စာအဖြစ် ဖန်တီးထားခြင်းသာ ဖြစ်ပါသည်။

Saturday, May 23, 2009

နအဖက ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမှုတင် တရားစွဲဆို စွပ်စွဲမှုအား လာမယ့် ရှေ့ အပါတ် တနလာင်္နေ့ မနက် (၁၀) နာရီကို ထပ်မံ ချိန်းဆိုလိုက်ပါတယ်။ မတရားမှုကို ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူလူထုမှ အင်တိုက်အားတိုက်နဲ့  ဆက်လက် ပံ့ပိုးအားပေးကြဖို့  ထပ်မံမေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျား။

Friday, May 22, 2009

Sunday, May 17, 2009

နအဖရဲ့  လုပ်ကြံဇတ်လမ်းကို တာဝန်သိ ပြည်သူတစ်ဦးက စတင် ထုတ်ဖေါ် ပြောဆိုပါပြီ။

မေလ (၂) ရက်နေ့က မြန်မာနိုင်ငံသို့ ရန်ကုန်လေဆိပ်မှ တဆင့်ရောက် ရှိလာပြီး ဟိုတယ်မှာတည်းတယ်။ နောက်နေ့ ညနေပိုင်းမှာ အင်းယားကန်အတွင်းမှ ရေးကူးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ဘက်ကို ကူးခတ်သွားတာ ဖြစ်တယ်လို့  နအဖအင်တာနက် စာမျက်နှာကနေတစ်ဆင့် သတင်းလွှင်ခဲ့တဲ့ နအဖရဲ့  ဂျွန်ဝီလီယံယက်တောရဲ့  ဇတ်လမ်းဟာ လုပ်ကြံဇတ်လမ်းသာ ဖြစ်ပါတယ်။

ဂျွန်ဝီလီယံယက်တောဟာ ပန်းနာရင်ကြပ် (Asthma) ရောဂါဝေဒနာရှင်တစ်ဦး ဖြစ်တယ်ဆိုတာ သူရဲ့  ဇနီးဖြစ်သူက ပြောပြထားပါတယ်။ ထို့ အပြင် ဂျွန်ဝီလီယံယက်တောဟာ ကြောက်တတ်သူဖြစ်ကြောင်းကိုလည်း ပြောပြထားပါတယ်။ နအဖဘက်က ပြောသလို ၅ လီတာဆန့် ရေဗူး အကူအညီယူပြီး ရေကူးသွားတယ်ဆိုတာဟာ အကြောင်းပြဖန်တီးမှုသာ ဖြစ်ပါတယ်။ ဒီလို ၅ လီတာဆန့် ရေဗူးနဲ့  ရေကူးသွားတယ်ဆိုတဲ့ နအဖဘက်က သတင်းကြားရတဲ့ သူ့ ရဲ့  ဇနီးကတောင် ပြောတာက - ဂျွန်ဝီလီယံယက်တောဟာ ပန်းနာရင်ကြပ်ရောဂါတင်မကဖူး ဆီးချိုရောဂါပါ ဖြစ်နေတာ၊ ဒါကြောင့် သူဘယ်လိုလုပ်ပြီး ရေကူးသွားနိုင်တယ်ဆိုတာ အံ့သြတယ်လို့  မယုံကြည်တဲ့ စကားပြောပါတယ်။ သူရဲ့ အနီးကပ်ဆုံး ဇနီးဖြစ်သူရဲ့ ပြောပြချက်ပေါ်မှာ မူတည်ရင် ဂျွန်ဝီလီယံယက်တောဟာ ကျန်းမာရေးအရရော စိတ်ပိုင်းဆိုင်ရာအရေရော ဘယ်လိုနည်းနဲ့ မှ ညအမှောင်ထဲမှာ အင်းယားကန်ထဲမှာ ရေကူးပြီးသွားတယ်ဆိုတာ မဖြစ်နိုင်ပါဖူး။

ဒါဆိုရင် ဂျွန်ဝီလီယံယက်တော ရေကူးဝင်တာ မဟုတ်ရင် နအဖတွေ ဖန်တီးလုပ်ကြံတဲ့ဇတ်လမ်းဟာ အစကတည်းက မမှန်ဖူးဆိုတာပါဘဲ။ နအဖဘက်က အစီအစဉ်ကျကျ အကွက်ကျကျ ဖန်တီးပြီး ဒီဇတ်လမ်းကို ထွင်တာဆိုတာ အမှန်အတိုင်း ထွက်ပေါ်လာဖို့  လိုနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို မတရား အမှုလိမ်ပြီး ထောင်သွင်းအကျဉ်းချဖို့  လုပ်တဲ့ နအဖတို့ ရဲ့  လုပ်ရပ်ကို ပြည်သူတွေ မခံမရပ်နိုင် ဖြစ်နေကြပါပြီ။ ဒီလို မခံမရပ်နိုင်ဖြစ်နေကြတဲ့ ပြည်သူတွေထဲက အဖြစ်အပျက်အမှန်ကို ဖေါ်ထုတ်ပေးကြဖို့  လုပ်လာကြမယ်ဆိုတာ မလွှဲမသွေပါဘဲ။

နအဖက ဂျွန်ဝီလီယံယက်တောကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေလ (၁၄) ရက်နေ့ က အင်းစိန်ထောင်အတွင်း ခေါ်ဆောင်သွားကာ မတရား အမှုဆင်ပြီး အမှုစွဲဆိုကာ ပြန်မလွှတ်သေးဘဲ ထိန်းသိမ်းထားမှုသတင်းကို ကြားကြရတဲ့ ရန်ကုန်မြို့ က ပြည်သူလူထုတွေထဲက ထူးထူးခြားခြား ပြည်သူတစ်ဦးက သူကိုယ်တိုင် ကြုံတွေ့ သိခဲ့ရတဲ့ အဖြစ်အပျက်ကို အဆက်သွယ် စတင်လုပ်လာပါတယ်။

ဒီလို ဆက်သွယ်လာခဲ့တဲ့သူကတော့ ရန်ကုန်မြို့ က တက္ကစီကားမောင်းသူတစ်ဦး ဖြစ်ပါတယ်။ စစချင်း ဆက်သွယ်လာတဲ့အချိန်မှာ သူ့ အနေနဲ့  ဂျွန်ဝီလီယံယက်တောနဲ့  ပတ်သက်တာ သူပြောပြချင်ပါတယ်။ ဒီအတွက် သူဘယ်နေရာက စောင့်ဆိုင်းနေမှာ ဖြစ်ကြောင်းနဲ့  စိတ်ချယုံကြည်စွာ လာရောက်ဆက်သွယ်ပါလို့ ပြောပြီး၊ လာတဲ့အခါမှာ သွားရောက်တွေ့ ဆုံဆက်သွယ်ခဲ့ပါတယ်။

မေလ (၂) ရက်နေ့ မှာ သူနဲ့  ဂျွန်ဝီလီယံယက်တောနဲ့  ဘယ်လိုတွေ့ ဆုံပြီး ဘယ်နေရာဒေသကို ပို့ ဆောင်ပေးခဲ့ရတယ်ဆိုတာကို ပြောပြတဲ့အခါမှာ - သူ့ ရဲ့  တက္ကစီကားကို ဂျွန်ဝီလီယမ်ယက်တောက လေဆိပ်ကနေ ငှားရမ်းစီးလာခဲ့ကြောင်း၊ သူ့ အနေနဲ့  အမည်ကို ထိုအချိန်က မသိသော်လည်း ယခုအခါမှ သိသွားရတာ သတင်းတွေထဲမှာ ပုံပါလာတာကြောင့် သူ့ ပို့ ပေးခဲ့ရသူဟာ ဂျွန်ဝီလီယံယက်တောဖြစ်နေတာ သိရကြောင်းနဲ့  အခုလို ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင်တာ သိရတဲ့အတွက် မခံမရပ်နိုင်ဖြစ်ကာ အသိပေးလိုတဲ့အတွက် အခုလို အရဲစွန့် ပြီး ပြောရတာဖြစ်ကြောင်း ပြောပြပါတယ်။

အဆိုပါ တက္ကစီကားမောင်းသူဟာ သူရဲ့ ပြောပြချက်တွေကို လုံးဝ အသံသွင်းတာ မလုပ်ဖို့  အစကတည်းက မှာထားခဲ့ပေမယ့် အခုကိစ္စဟာ အရေးကြီးတဲ့ ပြောဆိုချက်ဖြစ်နေတာကြောင့် သူရဲ့ ပြောကြားချက်နောက်ပိုင်းတွေကို အမှီရအောင် သေချာအောင် မေးမြန်းပြီး ဖုန်းကင်မရာကနေ တစ်ဆင့် မှတ်ခဲ့ရပါတယ်။ ခိုင်လုံသောသက်သေတစ်ခုအနေနဲ့  ရရှိနိုင်အောင် လုပ်ခဲ့ရပေမယ့် လုံခြုံရေးအန္တရာယ် စိုးရိမ်ရတဲ့ကြောင့် အဆိုပါ တက္ကစီသမားရဲ့  ရုပ်ပုံအပြည့်နဲ့  ကားနံပါတ်တွေကိုတော့ ဖေါ်ပြပေးမှာ မဟုတ်ပါဖူး။ ထို့ အတူ တွေ့ ဆုံခဲ့ရတဲ့သူတွေ ဘယ်သူတွေလည်းဆိုတာကို ယခုအချိန်မှာ လျှို့ ဝှက်ထားပေးပါတယ်။

သူ့ ရဲ့ ကားကို လေဆိပ်ကနေ စီနင်းလိုက်ပါလာပြီး ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ ကို ပို့ ပေးခဲ့ရကြောင်း၊ ဂျွန်ဝီလီယံယက်တောဟာ အန်တီစုအိမ်ရှေ့ ရောက်တဲ့အခါမှာ ခြံဂိတ်ဝမှာ စောင့်နေတဲ့ လုံခြုံရေးအစောင့်တွေကို ကဒ်ပြားအနီရောင်တစ်ခုထုတ်ပြတာ သူမြင်ရကြောင်း၊ အဲ့ဒီအခါမှာ လုံခြုံရေးတွေ ကိုယ်တိုင် အထဲကို ခေါ်သွင်းသွားတာကို သူမြင်ခဲ့ရတာကို ပြောပြပါတယ်။ သူ့ အနေနဲ့  အဲ့ဒီအချိန်က ရိုးရိုးသာမန်ဘဲ အောင်းမေ့ပြီး ဒီအဖြစ်အပျက်ကို အလေးအနက် မထားခဲ့မိကြောင်း ပြောပြပါတယ်။

အဆိုပါ တာဝန်သိပြည်သူတစ်ဦးဖြစ်တဲ့ တက္ကစီကားမောင်းသူရဲ့  ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမှုဆင် ထိန်းသိမ်းထားမှုအပေါ် မခံမရပ်နိုင်ဖြစ်ပြီး ပြောကြားလာခဲ့တာတွေကို ရသလောက် မှတ်တမ်းတင်ထားခဲ့ရတဲ့ မှတ်တမ်းတိုလေးကတော့ ဒီမှာပါ။



(ဒီမှာ ဖိုင်အတိုနှစ်ခုကို ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ ပြီးလျှင် VLC Media Player နဲ့  ပြန်ဖွင့်ပါ။

http://www.blogger.com/video-play.mp4?contentId=1be52114eb568674&type=video%2Fmp4


http://www.blogger.com/video-play.mp4?contentId=e8815c87c983604c&type=video%2Fmp4
) ။


ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ဖို့ အတွက် လုပ်ကြံဖန်တီးတဲ့ ဂျွန်ဝီလီယံယက်တောရဲ့  ရေကူးဇာတ်လမ်းဟာ လုံးဝမမှန်ဘဲ၊ ဂျွန်ဝီလီယံယက်တောဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  နေအိမ်ခြံဝန်းအတွင်းကို နအဖလုံခြုံရေးအစောင့်တွေရဲ့  ခေါ်ဆောင်မှုနဲ့  ၀င်ရောက်သွားပြီး၊ လုံခြုံရေးအစောင့်တွေရဲ့  အကူအညီနဲ့  ပုန်အောင်းနေထိုင်ကာ၊ အင်းယားကန်ထဲကနေ ရေကူးဝင်လာတဲ့ ပုံစံကို ကြိုတင်ပြင်ဆင်ထားပြီးမှ နောက်နေ့ မနက် မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အိမ်မှာအတူ နေထိုင်သူတွေ တွေ့ မြင်တဲ့အခါမှာ သူရေကူးဝင်လာတာပါ၊ ရောဂါဝေဒနာနဲ့  အလွန်ပင်ပန်းနေပါတယ်၊ ဆာလောင်မွတ်သိပ်နေပါတယ်လို့  ပြောဆိုတာ ဖြစ်ပါတယ်။

ဒီလိုမျိုး ဂျွန်ဝီလီယံယက်တောကနေ ခြံဂိတ်ဝမှာ ကဒ်ပြားအနီပြတာ၊ လုံခြုံရေးအစောင့်တွေက ခြံဝန်းအတွင်းကို ခေါ်သွင်းသွားတာ၊ ခြံဝန်းအတွင်းမှာ လုံခြုံရေးတွေရဲ့  အကူအညီနဲ့ ပုန်းအောင်းနေတာ၊ နောက်နေ့ မနက်ကျမှ ရေကူးဝင်လာတဲ့ပုံစံပြုလုပ်တာ ပြောဆိုတာတွေဟာ ကြိုတင်စီမံမှုပြုလုပ်ပြီး အကွက်ကျကျ စီစဉ်တယ်ဆိုတာ တွေ့ ရပါတယ်။ ဒီလို ကြံစီမှုကို အချိတ်အဆက်ရှိရှိ ဖန်တီးတာ လုံခြုံရေးအစောင့်တွေကို စီမံချက်နဲ့  အထက်ပိုင်းက ခိုင်းစေအမိန့် ပေးတဲ့ နအဖထိပ်ပိုင်းကဘဲ ဖြစ်တာ သေချာပါတယ်။

နောက်တစ်ခုအနေနဲ့  နအဖတွေရဲ့  မသင်္ကာဖွယ် လုပ်ရပ်ကတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝန်းမှာ စောင့်နေကြတဲ့ လုံခြုံရေးအင်အားစုတွေကို အလျင်အမြန် ချက်ခြင်းဘဲ ပြန်ရုတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ ဂျွန်ဝီလီယံယက်တော ရေကူးဝင်လာတာ မဟုတ်ဘဲ အဲ့ဒီနေ့ က တက္ကစီကားနဲ့  ရောက်လာပြီး ခြံဝင်းထဲကို ခေါ်သွင်းခဲ့တဲ့ကိစ္စ ပေါ်မှာစိုးလို့ အစဖြောက်တာပါဘဲ။

နအဖရဲ့  လုပ်ကြံဖန်တီးတဲ့ ဇတ်လမ်းရဲ့ အစဖြစ်တဲ့ ဂျွန်ဝီလီယံယက်တော ရေကူးဝင်တယ်ဆိုတာ လုံးဝမဟုတ်ကြောင်း ပေါ်ထွက်လာပါပြီ။ နအဖတို့  အကွက်ကျကျ စီစဉ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံမှုပါ။

ပြည်သူအပေါင်း သိရှိရအောင် ထုတ်ဖေါ်လိုက်ပါတယ်။ အဖြစ်အပျက်ကို ရဲဝန့်စွာ ပြောကြားလာပေးခဲ့တဲ့ တာဝန်သိ ပြည်သူတစ်ဦး ပီသသူ တက္ကစီကားမောင်းသမား မိတ်ဆွေအားလည်း ဒီနေရာက အထူး ကျေးဇူးတင်ရှိပါကြောင်း ပြောကြားအသိပေးလိုက်ပါတယ်။

Thursday, April 30, 2009

ဝက်တုပ်ကွေး ရောဂါသည် မျိုးရိုးဗီဇ ၄ မျိုး ပေါင်းစပ်၍ ဖြစ်ပေါ်လာသော ဗိုင်းရပ်စ်ပိုးသစ် ဖြစ်သည်။ ပထမအသုတ် ဆေးထုတ်လုပ်ရန်အတွက် ၆ လခန့် အချိန်ယူရမည်ဖြစ်ပြီး၊ ပမာဏများများအတွက် ယခုထက် အချိန် ပိုယူရမည် ဖြစ်သည်။ ဤရောဂါသည် ရောဂါဖြစ်ပွားသော ဝက်ကို ထိတွေ့ကိုင်တွယ်မိရာက ကူးစက်ခြင်းဖြစ်ကာ လူမှ လူသို့ ကူးစက်နိုင်သော ရောဂါဖြစ်သဖြင့် ဆားစ်အဆုတ်ရောဂါကဲ့သို့ပင် လျင်မြန်စွာ ကူးစက်ပွားမှု ဖြစ်နေသည်။ ဧပြီလ ၁၃ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော မက္ကဆီကို နိုင်ငံတွင် ဤတုပ်ကွေးကြောင့် လူ ၂ဝ အသက် ဆုံးရှုံးရသည်ကိုသာ အတည်ပြုနိုင်သော်လည်း စုစုပေါင်း ၁၄၉ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ကြောင်း အစောပိုင်းက ကြေညာခဲ့သည်။ သေဆုံးသူများမှာ အသက် ၂ဝ နှစ်မှ ၅ဝ နှစ်ကြား ဖြစ်ကြသည်။

- အခြား နိုင်ငံအချို့တွင်လည်း ရောဂါဖြစ်ပွားသူများ တွေ့လာနေရသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဤရောဂါနှင့် ပတ်သက်၍ အဆင့် ၄ အဆင့်ဟု ကြေညာထားရာ လူမှ လူသို့ ကူးစက်မှု ဖြစ်ပွားနိုင်ပြီး လူမှု အဖွဲ့အစည်းအတွင်း ကပ်ဘေးအန္တရာယ် ဖြစ်လာနိုင်သည်ဟု ဆိုခြင်းဖြစ်သည်။

ဝက်တုပ်ကွေး၏ လက္ခဏာများ

- ကိုယ်ပူခြင်း၊ နှာရည်ယိုခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ ကိုယ်လက် မအီမသာဖြစ်၍ ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူကြပ်ခြင်းတို့ ဖြစ်သည်။

ရှောင်ရန်

အထက်ပါ ရောဂါလက္ခဏာဖြစ်လျှင် မိမိနေအိမ်တွင်သာ အနားယူရန်၊ လိုအပ်လျှင် ဆေးရုံ၊ ဆေးခန်းသို့ ပြသ၍ ကုသမှုခံယူရန်၊ အဖျားကြီးခြင်း၊ ချောင်းဆိုးကြာရှည်ခြင်း၊ အသက်ရှူ ခက်ခဲ၍ မောပန်းခြင်း စသည့် ပြင်းထန်သော ရောဂါလက္ခဏာများ ခံစားရလျှင် ဆေးရုံ၊ ဆေးခန်းသို့ ပြသရန် လိုအပ်သည်။

လူတိုင်းလိုက်နာ ဆောင်ရွက်သင့်သည်မှာ -

(၁) နှာချေ ချောင်းဆိုးလျှင် လက်ကိုင်ပုဝါဖြင့် ဖုံးအုပ်ခြင်း

(၂) လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောခြင်း

(၃) တကိုယ်ရေသန့်ရှင်းမှု ဂရုပြု ဆောင်ရွက်ခြင်း

(၄) ကောင်းစွာ အိပ်စက်အနားယူခြင်း

(၅) အာဟာရ ပြည့်ဝသည့် အစားအစာများ စားသုံးခြင်း

(၆) ကိုယ်လက်လှုပ်ရှားမှု မှန်မှန် ပြုလုပ်ခြင်း

(၇) လေကောင်းလေသန့် ရရှိအောင် ဆောင်ရွက်နေထိုင်ခြင်း

တုပ်ကွေးရောဂါ ဖြစ်ပွားသည်ဟု သံသယရှိသူများနှင့် ပြုစုစောင့်ရှောက်သူများသည် နှာခေါင်းစည်းများ တပ်ဆင်ရန် လိုအပ်သည်။

ဝက်မွေးမြူသူများ၊ ရောင်းဝယ်သူများနှင့် စားသုံးသူများ လိုက်နာရန်

(၁) ဝက်များ၌ ဖျားနာသည့် လက္ခဏာများ တွေ့ရှိပါက လူနှင့် တိုက်ရိုက် မထိစေဘဲ လူနှင့် အနီးနား၌ မထားဘဲ သီးခြားထားရှိရန်

(၂) ဝက်ခြံလုပ်ငန်း ဆောင်ရွက်ပြီးတိုင်း ခြေ၊ လက်များ စနစ်တကျ စင်ကြယ်စွာ ဆေးကြောရန်

(၃) နှာခေါင်း၊ ပါးစပ်အကာ လက်အိတ်များ အသုံးပြုကိုင်တွယ်သွားရန်

(၄) မကျန်းမာသော ဝက်များအား ဈေးကွက်သို့ ရောင်းချခြင်း မပြုရန်

(၅) မူရင်းဇစ်မြစ်မသိသော ဝက်များကို ရောင်းချခြင်း မပြုရန်၊ အထူးသဖြင့် နယ်စပ်ဖြတ်ကျော်၍ ဝင်ရောက်လာသော ဝက်များကို ဝယ်ယူရောင်းချခြင်း မပြုရန်

(၆) ဝက်သားနှင့် ဝက်သားထွက် ပစ္စည်းများကို ချက်ပြုတ်စားသောက်လိုလျှင် အပူချိန် ၇ဝံ င အထက် ချက်ပြုတ်စားသောက်ရန်
_________________________________________-

ကမ္ဘာ့နိုင်ငံများသို့  ပြန့် နှံ့ နိုင်တဲ့ စိုးရိမ်ဖွယ် ၀က်တုပ်ကွေးရောဂါ
(Swine Flu) အကြောင်း သိရှိစေရန် ဖေါ်ပြအပ်ပါတယ်။

Swine Flu ဆိုတာ ဘာလည်း။

Swine Flu ဟာ ၀က်တွေမှာဖြစ်တဲ့ Influenza ဗိုင်းရပ်စ်အမျိုးအစား A H1N1 virus
အမျိုးအစားကြောင့်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းပိုင်းဆိုင်
ရာရောဂါ ဖြစ်ပါတယ်။
လူတွေအနေနဲ့  ၀က်တွေကနေ တိုက်ရိုက်ကူးစက်ဖို့ ခဲယှဉ်းပေမယ့်
ဒီရောဂါပိုးရထားတဲ့သူကနေတစ်ဆင့် အခြားသူတစ်ဦးကို ကူးစက်နိုင်ပါတယ်။

Swine Flu ဖြစ်ရင် ဘယ်လို ရောဂါလက္ခဏာတွေ တွေ့ မြင်ရနိုင်ပါသလည်း။

Swine Flu ဖြစ်တဲ့သူမှာ အပူချိန်အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊
လည်ချောင်းနာခြင်း၊ ခန္ဒာကိုယ်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ချမ်းတုန်းခြင်း၊
မောပန်းခြင်းတို့  ဖြစ်လေ့ရှိပါတယ်။ အချို့ သောသူတွေမှာ ၀မ်းလျှောခြင်း၊
အန်ခြင်းတို့ လည်း ဖြစ်တတ်ပါတယ်။ စိုးရိမ်ဖို့ အနေနဲ့ ကတော့ အဆုတ်ရောင်ခြင်းနဲ
့ အသက်ရှူလမ်းကြောင်းပိတ်ဆို့ ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။

Swine Flu ဟာ ကူးစက်ရောဂါ ဖြစ်ပါသလား။

Swine Flu ဟာ လူတစ်ဦးကနေတစ်ဦးထံ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့်
ချောင်းဆိုးခြင်းနှင့် နှာချေခြင်းမှ ကူးစက်နိုင်ပါတယ်။ ထို့ အပြင် Swine Flu
ရောဂါရရှိထားသူ၏ နှာခေါင်း၊ ပါးစပ်၊ နှာခေါင်းနဲ့  တံထွေးများမှာ Swine Flu
ဗိုင်းရပ်စ်ပိုး တွယ်ကပ်နေနိုင်တာကြောင့် အဆိုပါနေရာများကို ထိတွေ့ မိပါကလည်း
ကူးစက်နိုင်ပါတယ်။

Swine Flu ကို ဘယ်လိုကာကွယ်တားဆီးမလည်း။

ကာကွယ်တားဆီရန် ကြိုတင်ပြုလုပ်ထားသင့်သည်များမှာ အသက်ရှူလမ်းကြောင်းမှ
မ၀င်ရောက်စေရန် နှာခေါင်းနဲ့  ပါးစပ်အား ကာကွယ်ထားပေးသော ပါးစပ်ဖုံး
နှာခေါင်းအုပ်များအား ၀တ်ဆင်ထားသင့်ပါတယ်။ လက်အား တစ်ခုခုကိုင်တွယ်ပြီးပါက
မကြာခဏ ဆပ်ပြာဖြင့် ဆေးကြောသန့် ရှင်းရပါမယ်။ ကိုယ်ခန္ဓာကျန်းမာရေး
အားကောင်းပြည့်စုံနေစေရန် ဂရုစိုက်ဖို့ လိုပါတယ်။ အိပ်စက်အနားယူချိန်
ပြည့်ပြည့်၀၀ရရန် လိုပါတယ်။ စိတ်ဓါတ်ကျဆင်းမှုနဲ့  အားနည်းစေမှုများကို
ရှောင်ရှားရန် လိုပါတယ်။ ရေ ၀၀လင်လင် သောက်သုံးရန် လိုပါတယ်။ အာဟာရပြည့်စုံသော
အစားအသောက်များ စားသုံးရန် လိုအပ်ပါတယ်။

Swine Flu ရရှိထားသူ နေမကောင်းသူများအနေနဲ့  လိုက်နာသင့်တာတွေက ဘာပါလည်း။

မိမိထံမှ Swine Flu ဗိုင်းရပ်စ်ပိုး အခြားသူထံ မကူးစက်စေရန် ကာကွယ်မှု
ပြုလုပ်ပေးသင့်ပါတယ်။ မိမိချောင်းဆိုး နှာချေတဲ့အခါမှာ လက်ကိုင်ပုဝါသန့် သန့် 
(သို့ ) စက္ကူတစ်ရှူးများနဲ့  ကာကွယ်ပြီးမှ ချောင်းဆိုးသင့် နှာချေသင့်ပါတယ်။
မိမိရဲ့  မျက်စိ နှာခေါင်း ပါးစပ်တို့ ကို ရောဂါပိုး ကပ်တွယ်နေနိုင်သော
လက်ဖြင့် ကိုင်တွယ်ခြင်း မပြုလုပ်သင့်ပါဖူး။ မိမိရဲ့  လက်ကို မကြာခဏ
ဆပ်ပြာဖြင့် ဆေးကြောသန့် စင်ရပါမယ်။ မိမိ ချောင်းဆိုး နှာခြေရာတွင် သုံးသော
စွန့် ပစ်ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းသင့်ပါတယ်။ မိမိ နေထိုင်မကောင်းပါက
လူအများရှိသော နေရာများ ဖြစ်တဲ့ ဈေး၊ ကျောင်း အလုပ်တို့ ကို သွားရောက်ခြင်းမှ
ရှောင်သင့်ပါတယ်။

ဒီ Swine Flu ဖြစ်သူများအနေနဲ့  ဘယ်လို အခြေအနေမျိုးမှာ ဆရာဝန်နှင့် အမြန်တွေ
့သင့်ပါသလည်း။

Swine Flu ကြောင့် နေမကောင်းဖြစ်ပြီဆိုကတည်းက ဆရာဝန်များ၏ ကုသမှုကို
ခံယူသင့်ပါတယ်။ အရေးပေါ်အနေနဲ့  အောက်ဖေါ်ပြပါ လက္ခဏာများကို တွေ့ ရှိရပါက
လျင်မြန်စွာ ဆေးရုံဆေးခန်းများသို့  သွားသင့်ပါတယ်။

- အထူးသဖြင့် Swine flu ဖြစ်နေသူ ကလေးများအနေနဲ့  အသက်ရှူနှုန်း
အလွန်ပြင်းထန်လာခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အသားအရေ ပြာယောင်သမ်းလာခြင်း၊
ရေလုံးဝ မသောက်ခြင်း၊ အိပ်မောကျနေကာ နိုး၍လှုပ်၍ မရခြင်း၊
ချောင်းတအားဆိုးခြင်းနှင့် ကိုယ်ပူချိန်အဖျားကြီးခြင်း။

- Swine flu ဖြစ်နေသူ လူကြီးများအနေဖြင့် အသက်ရှူခက်ခဲခြင်း၊ အသက်ရှူရာတွင်
နာကျင်ခြင်း၊ ရင်ဘတ်နှင့် ၀မ်းဗိုက်တွင် နာကျင်ခြင်း၊ ရုတ်တရက် မူးဝေခြင်း၊
အမြင်ေ၀၀ါးခြင်း၊ အဆက်မပြတ်အန်ခြင်းတို့  ဖြစ်ပါက ဆေးရုံဆေးခန်းသို့ 
အမြန်သွားရောက် ပြသသင့်ပါတယ်။

Swine Flu ကို ၀က်သားစားခြင်းနှင့် ၀က်မှ ထုတ်လုပ်သော အစားအသောက်များကြောင့်
ကူးစက်နိုင်ပါသလား။

ဝက်သားအပါအ၀င် မည်သည့်အစားအသောက်ကမှ Swine flu မကူးစက်နိုင်ပါ။ သို့ သော် Swine
flu ဖြစ်နေသော ၀က်များအား ထိတွေ့ ကိုင်တွယ်ခြင်းကိုမူ ရှောင်ရှားရပါမည်။

Swine Flu ဖြစ်ရင် မည်သည့်ဆေးဝါးသုံးစွဲသင့်ပါသလည်း။

အမေရိကန်ပြည်ထောင်စု ကူးစက်ရောဂါပြန့် ပွားမှုထိန်းချူပ်ရေးဌာနမှ
ကျွမ်းကျင်သူဆရာဝန်များကပြောတာကတော့ Tamiflu နဲ့  Relenza ဆေးများဟာ Swine Flu
ကာကွယ်ကုသဖို့ အတွက် အသုံးပြုနိုင်တယ်လို့  မှတ်ချက်ပေးပါတယ်။

Swine Flu ဖြစ်တဲ့ နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလည်း။

ဒီ Swine Flu ရောဂါဖြစ်ပွားသူ - အမေရိကန်ပြည်ထောင်စုမှာ မနေ့ ကထိ စုစုပေါင်း
(အယောက် ၂၀)၊ ကနေဒါမှာ (၆) ယောက်၊ မက်ဆီကိုမှာ အယောက် (၁၃၈၄) ဦး - သေဆုံးသူ
(၈၁) ဦးတို့ ဖြစ်ပြီး၊ ရောဂါသံသယရှိဖွယ်တွေ့ ရှိမှုမှာ ပြင်သစ်မှာ (၁) ဦး၊
အစ္စရေးမှာ (၁) ဦး၊ နယူးဇီလန်မှာ (၁၀) ဦး၊ စပိန်မှာ (၇) ဦးတို့ ဖြစ်ပါတယ်။
__________________________________________-
Swine တုပ်ကွေး ဥရောပတိုက်သို့ပါ ပြန့်နှံ့လာ

Views : 332
Favoured : 2

ဝက်များတွင်သာ ဖြစ်ပွားတတ်သော Swine တုပ်ကွေးတစ်မျိုးသည် လူများကိုပါ ကူးစက်လျက်ရှိရာ အဓိကဖြစ်ပွားသည့် မက္ကဆီကိုနိုင်ငံတွင် သေဆုံးသူ ၁၀၃ ယောက်ထက်မနည်း ရှိလာနေပြီး အမေရိကန်၊ ကနေဒါတို့တွင်သာမက တိုက်ချင်းခြားလျက်ရှိသော ဥရောပတိုက် စပိန်နိုင်ငံတွင်ပါ ဖြစ်ပွားလာနေသည်ဟု သတင်းများအရ သိရသည်။

မက္ကဆီကို နိုင်ငံနှင့် အမေရိကတိုက်တွင် ဖြစ်ပွားနေသော Swine တုပ်ကွေးရောဂါ ခံစားနေရသူတစ်ဦးကို စပိန်နိုင်ငံတွင် တွေ့ရှိခဲ့ပြီးနောက် ဥရောပနှင့် အာရှဒေသများအတွက်ပါ စိုးရိမ်စရာဖြစ်လာခဲ့ပြီး သက်ဆိုင်ရာ အစိုးရများနှင့် အဖွဲ့အစည်းများက ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြရန် နှိုးဆော်လျက်ရှိသည်။ Swine တုပ်ကွေးကြောင့် မက္ကဆီကို တစ်နိုင်ငံတည်းတွင် သေဆုံးသူ ၁၀၃ ဦးရှိပြီဖြစ်ပြီး သံသယရှိဖွယ်ရာ ဖျားနာနေသူ ၁၆၀၄ ဦးရှိသည်ဟု မက္ကဆီကို ကျန်းမာရေးဌာနက သတင်းထုတ်ပြန်သည်။ အမေရိကန်နိုင်ငံ၏ ပြည်နယ် ၅ ခုတွင်လည်း ရောဂါဖြစ်ပွားနေသူ ၂၀ ဦးရှိသည်ဟု ရောဂါထိန်းချုပ်ရေးအဖွဲ့က ကြေညာခဲ့ပြီး ကနေဒါနိုင်ငံတွင် ၆ ဦးရှိသည်ဟု သိရသည်။ စပိန်နိုင်ငံတွင် တွေ့ရှိရသည့် ရောဂါကူးစက်ခံ အမျိုးသားမှာ မက္ကဆီကိုမှ ပြန်လာသူဖြစ်သည်ဟု ဆိုသည်။

ဥရောပသမဂ္ဂက ဥရောပ ကျန်းမာရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေးဆင့်ခေါ်ခဲ့ပြီး ရောဂါကူးစက်လာမှု တားဆီးရန် ဆွေးနွေးမှုများ အပူတပြင်း ပြုလုပ်ခဲ့ကြသည်။ အမေရိကန် သမ္မတ အိုဘားမားကလည်း အချိန်မဆိုင်းဘဲ အထိရောက်ဆုံး ကာကွယ်ကုသသွားရန် တိုက်တွန်းလိုက်သည်။ အမေရိကန်တွင် တနင်္ဂနွေနေ့ကတည်းက ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကြေညာထားပြီးဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (W.H.O) ကလည်း ကမ္ဘာအနှံ့ပြန့်နှံ့ ထိခိုက်နိုင်သည့် တုပ်ကွေးအဖြစ် အထူးသတိပေးလျက်ရှိသည်။ မက္ကဆီကိုနိုင်ငံတွင် ရောဂါကူးစက်မှုအတွက် လူထူထပ်သော နေရာများကို ရှောင်ကြဉ်ကြရန် သတိပေးပြီးနောက် လမ်းမများတွင် ခြောက်ကပ်လျက်ရှိသည်။ မက္ကဆီကိုတွင် တနင်္ဂနွေက ကျင်းပသွားသော ဘောလုံးပွဲကိုလည်း ပရိသတ်ကြည့်ခွင့် မပေးခဲ့ဘဲ ကွင်းပိတ်ကစားသွားခဲ့သည်။ ထိုင်း၊ အင်ဒိုနီးရှား၊ တရုတ်နှင့် ရုရှားနိုင်ငံတို့က မက္ကဆီကို၊ အမေရိကန်နှင့် အမေရိကနိုင်ငံများမှ ဝက်သားများ တင်သွင်းခြင်းကို ယာယီပိတ်ပင်ထားလိုက်သည်။ ထိုနိုင်ငံများမှ ပြန်လာသူများကိုလည်း လေဆိပ်တွင် ကျန်းမာရေးစစ်ဆေးခြင်းကို ကမ္ဘာ့နိုင်ငံ အများအပြားတွင် ပြုလုပ်လျက်ရှိသည်။ ရောဂါကူးစက်လျက်ရှိသော နိုင်ငံများနှင့် နီးစပ်ရာနိုင်ငံများတွင် လမ်းသွားပါက ပါးစပ်နှင့် နှာခေါင်းကို ကာကွယ်သည့် မျက်နှာဖုံးများ တပ်ဆင်ကြရန် သတိပေးထားသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ပြည်သူများကို အချင်းချင်း ဖက်ခြင်း၊ နမ်းရှုံ့ခြင်း မပြုလုပ်ကြရန် သတိပေးထားသည်ဟု ဒေသဆိုင်ရာ AFP သတင်းတစ်ပုဒ်တွင် ပါရှိသည်။

Swine တုပ်ကွေးသည် မတ်လမှ စတင်၍ မက္ကဆီကို နိုင်ငံတွင် ဖြစ်ပွားနေခဲ့ကာ လူများကို ကူးစက်လျက်ရှိပြီး လျင်မြန်စွာ ပြန့်ပွားနေကြောင်း ယခုလ ၂၃ ရက်နေ့တွင် ကြေညာခဲ့သည်။ ရောဂါခံစားရသူသည် အဖျားကြီးခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်းများ ခံစားရသည်ဟု သိရသည်။ အဆိုပါတုပ်ကွေးသည် ချောင်းဆိုးခြင်း၊ နှာချေခြင်းများမှ တဆင့် ကူးစက်နိုင်သည်။

(ရောဂါလက္ခဏာများကို http://upload.wikimedia.org/wikipedia/commons/0/09/Symptoms_of_swine_flu.svg တွင်ကြည့်နိုင်ပါသည်)

WHO to stop using term 'swine flu' to protect pigs

A traditional Hungarian AP – A traditional Hungarian 'mangalitsa' pig sticks its snout out of the hurdle at a private pig farm in …

GENEVA – The World Health Organization announced Thursday it will would stop using the term "swine flu" to avoid confusion over the danger posed by pigs. The policy shift came a day after Egypt began slaughtering thousands of pigs in a misguided effort to prevent swine flu.

WHO spokesman Dick Thompson said the agriculture industry and the U.N. food agency had expressed concerns that the term "swine flu" was misleading consumers and needlessly causing countries to ban pork products and order the slaughter of pigs.

"Rather than calling this swine flu ... we're going to stick with the technical scientific name H1N1 influenza A," Thompson said.

The swine flu virus originated in pigs, and has genes from human, bird and pig viruses. Scientists don't know exactly how it jumped to humans. In the current outbreak, WHO says the virus is being spread from human to human, not from contact with infected pigs.

Egypt began slaughtering its roughly 300,000 pigs Wednesday even though experts said swine flu is not linked to pigs and not spread by eating pork. Angry farmers protested the government decree.

In Paris, the World Organization for Animal Health said Thursday "there is no evidence of infection in pigs, nor of humans acquiring infection directly from pigs."

Killing pigs "will not help to guard against public or animal health risks" presented by the virus and "is inappropriate," the group said in a statement.

China, Russia, Ukraine and other nations have banned pork exports from Mexico and parts of the United States, blaming swine flu fears.

Most in the Muslim world consider pigs unclean animals and do not eat pork because of religious restrictions. The farmers in Egypt raise the pigs for consumption by the country's Christian minority.

WHO also reported the number of confirmed swine flu cases rose to 257 worldwide Thursday, with cases in Mexico rising to 97 from 26, with seven deaths. The WHO confirmed tally from the United States now stands at 109, with one death.

Other confirmed cases include 34 in Canada, 13 in Spain, eight in Britain, three each in Germany and New Zealand, two in Israel and one each in Austria, Switzerland and the Netherlands.

WHO raised the pandemic flu alert to phase 5 on Wednesday, one step away from the highest level indicating a global outbreak. WHO flu chief Keiji Fukuda said Thursday there were no indications in the past day that would prompt the U.N. body to raise the alert further.

To move from pandemic alert level 5 to level 6 means that WHO believes there is evidence of big outbreaks in at least two world regions and a pandemic is under way.

Fukuda said the jump in confirmed cases from Mexico was probably the result of scientists working their way through a backlog of untested samples from suspected cases.

"They are going through several thousands of laboratory specimens right now," he said.

WHO has started distributing its stockpile of 2 million treatments of the antiviral drug Tamiflu to regional offices, which will decide where to send them next.

Many of those drugs will go to developing countries that don't have stockpiles of their own and some will be sent to Mexico, Fukuda said, without providing figures.